"မောင် မင်းထစမ်းကွာ
တကယ်ဘဲ ဘယ်အချိန်ရှိနေပြီလဲ""မောင့်အသည်းဦးပန်းကလည်းကွာ
အခုမှ 8:00ဘဲဲ ရှိသေးတာမလား
မောင်အိပ်ချင်တယ်"screenတစ်ဖက်က ဆူပူပြောဆိုနေသောချစ်ရသူကို ဝမ်ရိပေါ် ခပ်တိုးတိုးလေးချွဲနွဲ့လိုက်သည်။ ချစ်ရသူ ရေမြေခြားကိုထွက်သွားပြီးနောက်ပိုင်းမှာ လွမ်းခဲ့ရတယ်ဆိုပေမယ့် ညတိုင်းလိုလိုဖုန်းပြောဖြစ်ကြသည်။ ကုသမှုသုံးလခွဲအကြာမှာလမ်းလျှောက်နိုင်လာတော့ ဆေးရုံအုပ်က သားအဖြစ်မွေးစားဖို့ဒုတိယအကြိမ်မြောက်ပြောလာသည်။ အသည်းအသက်ကိုကတိပေးပြီးသားဖြစ်၍ သူလက်ခံလိုက်ရသော်ငြား ဆေးရုံအုပ်က တကယ်ဘဲသူ့အပေါ် မိဘအရင်းကဲ့သို့ဆက်ဆံခဲ့ပါသည်။
"မင်း ထမှာလား မထဘူးလား ဝမ်ရိပေါ်"
"ဝမ်ရိပေါ်လို့ခေါ်ရင်မထဘူး"
တွန့်ကျေနေတဲ့အိပ်ယာခင်းပေါ်မှာ ဘေးတစ်စောင်းပြန်အိပ်ရင်း laptop screenကိုကြည့်ကာ သူပြောလိုက်သည်။ screenတစ်ဖက်က ချစ်သည်းညှာ၏မျက်နှာတော်နုနုကတော့ အနည်းငယ်စိတ်မရှည်ဖြစ်နေပုံရတာကိုသိပေမယ့် ပေကပ်ကာအိပ်နေလိုက်သည်။
"အင်း...ထတော့လေ မောင်ရဲ့
မောင်က လိမ်မာပါတယ်ကွာ
နော်...နော်...နော်လို့""ဒီလိုမှပေါ့ ကဲ..မောင်ထပြီဗျာ့..."
ညအိပ်ဝတ်စုံမဟုတ်ဘဲT shirtအဖြူနဲ့သူက အိပ်ရာထကာစမို့ ဆံပင်တွေကပွယောင်းနေသည်။ ဖွာလန်ကျဲနေတဲ့ဆံပင်တွေကို တစ်ချက်ခါပြီး laptop screenကို သူကြည့်လိုက်သည်။
"မောင်..."
"ဗျာ့..."
"ဆေးရုံအုပ်ကိုလေ ဖေဖေလို့ပြောင်းခေါ်ပါ့လားဟင်"
ခပ်အေးအေးပြောလာတဲ့ချစ်ရသူကို တွေဝေစွာကြည့်မိလိုက်သည်။ သူ့ဘဝမှာ ဖေဖေလို့မခေါ်ခဲ့ရတာ ဆယ်စုနှစ်ရှိနေပြီမို့ သည်အခေါ်အဝေါ်က စိမ်းသက်လွန်းနေသည်။ ဒါပေမယ့် ချစ်သူကစေလျှင် သေဆိုသေမှာမို့ အရမ်းကြီးဝေခွဲရမခက်တော့..။
"မောင့်အသည်းဦးပန်းက ခေါ်စေချင်လို့လား"
"အင်းပေါ့ မောင်ရဲ့
ငါပြန်လာရင် အဲ့လိုရင်းနှီးတဲ့ဆက်ဆံရေးဘဲမြင်ချင်တာ"
YOU ARE READING
Stars,Moon and Our Promises[Complete]
Fanfictionတစ်သက်တာလုံး မောင့်လက်မောင်းပေါ်ခေါင်းအုံးအိပ်ပြီး မောင်ပြောပြမယ့် မောင့်အသည်းဦးပန်းအပေါ် မောင်ထားတဲ့ချစ်ခြင်းမေတ္တာတွေရဲ့အကြောင်းကို နားဆင်ပြီး အိပ်မက်လှလှမက်ပါ။