Part-5(Unicode)

1.5K 145 9
                                    


"တင်းတင်း ကိုယ်တို့လက်ထပ်ကြရအောင်လေ"

သူပြောလိုက်တော့ အားတင်းက ခပ်ပေါ့ပေါ့ပင်ခေါင်းယမ်းပြသည်။

"တင်းတင်း လက်မထပ်ချင်သေးဘူး ရှောင်းကျန့်ရာ တင်းတင်း လွတ်လွတ်လပ်လပ်နေချင်သေးတယ်"

အားတင်းရဲ့စကားအဆုံးမှာတော့ ပေကျင်းမြို့၏ အလယ်က ကော်ဖီဆိုင်လေးရဲ့ လေထုက ရုတ်ချည်းအေးစက်သွားသည်။ အတန်ကြာသည်အထိ သူရော အားတင်းပါ စကားမပြောဖြစ်ကြ။ ချစ်သူစဖြစ်တည်းက ရှောင်းကျန့်ဟုသာ ခေါ်တတ်သော ချစ်သည်းသက်ညှာ၏ အဖြေစကားက ပေါ့ပေါ့တန်တန်တွေးလွန်းသည်ဟု ရှောင်းကျန့်ထင်မိသည်။
အားတင်းဟာ သူ့ကို လက်မထပ်ချင်တာများလား...။

"တောင်းပန်ပါတယ် ရှောင်းကျန့်
လက်ထပ်တာက ဘယ်ချိန်လုပ်လုပ်ရတာဘဲလေ..လက်ထပ်ပြီးရင် မလွတ်လပ်တော့ဘူး...
ဒါပေမယ့် ရှောင်းကျန့် စိတ်မဆိုးပါနဲ့
နောက်နှစ်စလောက်ကျရင် လက်ထပ်ဖို့ စီစဥ်ကြမယ်လေနော်...ကြားထဲမှာ တစ်လလောက်ပါဘဲ ရှောင်းကျန့်ရာ...နော်"

ချော့သလို တောင်းပန်သလိုပြောလာသည့် အားတင်း၏ စကားတို့မှာ တောင်းဆိုချက်တွေလည်း ပူးတွဲပါဝင်သေးသည်ကို ရှောင်းကျန့်သိပါသည်။ တကယ်ဆိုလျှင် သည်ကိစ္စကို အမြန်ဆုံးစီစဥ်ချင်ပါသည်။ အိမ်ထောင်ကျပြီးလျှင်တော့ အားတင်း အနည်းငယ်ရင့်ကျက်သွားဖို့ ရှောင်းကျန့်မျှော်လင့်မိသည်။

"ဟုတ်ပြီလေ တင်းတင်းသဘောပါဘဲ
ဒါနဲ့ ခရစ်စမတ်ပိတ်ရက်ကျရင် ကိုယ်ချုံချင်းကို ပြန်မလို့ အက်တာ တင်းတင်းလိုက်ဦးမလား"

မှန်စားပွဲလေးပေါ်မှာ စားသုံးသူတွေ သဘောကျစေရန် တင်ပေးထားသည့် အစိမ်းရောင်ရင့်ရင့် ရွက်ကျပင်ပေါက်လေးကို ကိုင်တွယ်ပွတ်သပ်ရင်း ရှောင်းကျန့်မေးလိုက်သည်။ အမှန်အတိုင်းပြောရလျှင်တော့ အားတင်းကို ပြန်လိုက်လာပြီး သူ့မိဘများနှင့် ယခုထက်ပို၍ ရင်းနှီးမှုရစေချင်သေးသည်။
မိဘတွေကတော့ ဖော်ရွေပြီး ယဥ်ကျေးတဲ့ ချွေးမကို လိုချင်ကြတာ သဘာဝပင် မဟုတ်ပါလော။

"မလိုက်တော့ဘူး ရှောင်းကျန့်
တင်းတင်း ပေကျင်းမှာဘဲ နေခဲ့မှာ
ဒီမှာလည်း သင်တန်းတက်စရာတွေရှိလို့"

Stars,Moon and Our Promises[Complete]Where stories live. Discover now