သည်ရက်ပိုင်း ရှောင်းကျန့်မအားပါ။ လက်ထပ်ပွဲအတွက်စီစဥ်နေရတာမို့ လွမ်းချိန်ဆွေးချိန်ပင်သိပ်မရှိ။ Pre weddingအတွက်ဓာတ်ပုံရိုက်ဖို့ မြို့လည်က studioကိုလည်း ခဏခဏရောက်ဖြစ်သည်။ ယခုလည်း မင်္ဂလာဖိတ်စာအပ်ထားတာရပြီဆို၍ ဖိတ်စာရိုက်သည့်နေရာကိုရောက်နေခြင်းပင်ဖြစ်သည်။ အားတင်းက ဖိတ်စာသွားယူနေသဖြင့် အပြင်မှာစောင့်နေရတာမို့ နေပူတော့ ချွေးပင်စို့နေပြီ။"ရပြီ ရှောင်းကျန့်
ဖိတ်စာယူပြီးပြီဆိုတော့ တစ်ခုခုဝင်စားကြရအောင် တင်းတင်းဗိုက်ဆာတယ်"ဖိတ်စာတွေတပွေ့တပိုက်နှင့် အားတင်းက သူ့အနားကိုရောက်လာသည်။ အားတင်းဆီက ဖိတ်စာထုတ်လေးကို လက်လွှဲယူလိုက်ရင်း ကားကိုမောင်းထွက်လာလိုက်သည်။ ဦးတည်ရာက မြို့ထဲက စားသောက်ဆိုင်တစ်ခုခုသို့....။
"ဖိတ်စာလေးက ချစ်စရာလေးနော်
ရှောင်းကျန့် ကြည့်ပါ့ဦး"အားတင်းပေးလာတဲ့ဖိတ်စာကို မကြည့်ချင်ပေမယ့်လည်း သူ အားနာပါးနာတစ်ချက်ကြည့်လိုက်သည်။ အားတင်းလက်ထဲက ဖိတ်စာလေးကိုယူလိုက်တဲ့လက်အစုံက မသိမသာတုန်ယင်သွားသည်။ ဖိတ်စာလေးက မီးခိုးရောင်ခပ်ရင့်ရင့်လေး....။ ပြီးတော့ အဖြူရောင်suitနဲ့ရှောင်းကျန့်က အဖြူရောင်ဂါဝန်ရှည်ကြီးနဲ့ အားတင်းကို ခပ်ပြုံးပြုံးစိုက်ကြည့်လို့ပေါ့။ ဖိတ်စာလေးကိုပြန်ပေးရင်း ကားကို သေချာဂရုတစိုက်မောင်းလိုက်သည်။
*ကိုကိုပြောပါတယ် ပြုံးနေတိုင်းပျော်တာမဟုတ်ဘူးလို့....။*
~~~~~~~~~~~
"ဘာစားမှာလဲ ရှောင်းကျန့်"
စားသောက်ဆိုင်ရဲ့ မှန်တံခါးလေးနားက စားပွဲလေးမှာထိုင်ရင်း ခပ်သွက်သွက်မေးလာတဲ့အားတင်းကို ရှောင်းကျန့်ခေါင်းယမ်းပြလိုက်သည်။
"တင်းတင်းသဘောပါ အဆင်ပြေတာမှာ
ကိုယ့်အတွက်က ကော်ဖီတစ်ခွက်ပါဘဲ"သူကြိုက်တာမှာဟုဆိုလိုက်တော့ အားတင်းမျက်နှာက ပြုံးယောင်သမ်းသွားသည်။ ခဲရောင်ဂါဝန်လက်ပြတ်လေးနဲ့ ဖြူဥနေတဲ့အားတင်းဟာ အများအမြင်မှာလှနေမှာအသေအချာဆိုပေမယ့် သူ့မျက်လုံးထဲမှာတော့ သာမန်ထက်ဘာမျှထူးခြားမနေပါ။ အားတင်းမှမဟုတ်ပါဘူးလေ အခုအချိန်မှာတော့ ဘယ်အရာနေနေ ရှောင်းကျန့်အတွက် အကျည်းတန်နေမှာပါဘဲ...။
YOU ARE READING
Stars,Moon and Our Promises[Complete]
Fiksi Penggemarတစ်သက်တာလုံး မောင့်လက်မောင်းပေါ်ခေါင်းအုံးအိပ်ပြီး မောင်ပြောပြမယ့် မောင့်အသည်းဦးပန်းအပေါ် မောင်ထားတဲ့ချစ်ခြင်းမေတ္တာတွေရဲ့အကြောင်းကို နားဆင်ပြီး အိပ်မက်လှလှမက်ပါ။