Part-17(Zawgyi)

636 23 0
                                    


"ဆေးရုံအုပ်မွေးစားတာကို လက်ခံလိုက်နော် ရိပေါ်"

စကားပြောရင်းရှေ့ကိုထိုးပေးလာသည့် ထမင်းလုတ်ကို ကိုကို့ထံပြန်တွန်းပေးလိုက်သည်။ သူမှမဆာတော့တာဘဲလေ...။

"ဘာလို့လဲ ကိုကို"

"ကိုကိုပြန်မရောက်ခင် မင်းကိုစိတ်ချခဲ့ချင်လို့လေ အဲ့တာကြောင့်ပါ"

ထမင်းဘူးလေးကို စားပွဲပုလေးပေါ်တင်ရင်း စိတ်မချနိုင်စွာပြောနေသည့်ကိုကို့ကို သူပြုံး၍ကြည့်လိုက်သည်။ သည်ယုန်သူငယ်လေးက လူကိုဘာများမှတ်နေသလဲမသိ။

"အင်း ဒီလိုနည်းနဲ့တော့မရဘူး
မောင်လက်ခံချင်လာအောင် တစ်ခုခုလုပ်ပေး"

တွေတွေလေးငေးရင်း စဉ်းစားနေသည့်
အသည်းဦးပန်းကို ဝမ်ရိပေါ်ကြည်နူးစွာကြည့်လိုက်သည်။ လှလိုက်တဲ့နှင်းပွင့်ဖြူလေး...။ မျက်တောင်တွေပုတ်ခတ်ပုတ်ခတ်လုပ်ကာ တစ်စုံတစ်ခုကို အလျင်အမြန်စဉ်းစားနေပုံရသည့်ယုန်သူငယ်လေးက မှော်ဆရာလေးများလား။ အငိုအပြုံးမှအစ နှလုံးသားတစ်ခုလုံး သည်မှော်ဆရာလေးသာ ချယ်လှယ်ရာ။

"ဒီလိုလုပ်ကွာ ရှောင်းကျန့်ရေဒီယိုရဲ့ မောင်အစီအစဉ်ကို တစ်သက်လုံးလွှင့်ပေးမယ်လေ
ရလား မောင်..."

"အဟား..."

မောင်နေရာကိုတမင်ခပ်ရှည်ရှည်အသံကိုဆွဲလိုက်တဲ့ကိုကို့ကြောင့် ဝမ်ရိပေါ်မထိန်းချုပ်နိုင်စွာဘဲ ရယ်လိုက်မိသည်။ တန်ပြန်ရလိုက်တာက အရိုးတွေမဆက်သေးသည့် ခါးနေရာက မျက်ခနဲ။

"မောင့်ကို ကလေးထင်နေတာလား
ဒါလေးနဲ့တော့ဘယ်ရမလဲ"

"အာ့ဆို ဘာလိုချင်တာလဲပြောကွာ"

ချက်ချင်းပြောင်းလဲသွားတဲ့အသံအနေအထားက ဘုဆတ်ဆတ်နိုင်လှသည်။ သည်ဆရာဝန်ကတော့ လူနာအပေါ်ဘယ်လိုတွေဆက်ဆံနေပါလိမ့်...။

"ဟော...အသံက ဘာဖြစ်ရတာ
နူးနူးညံ့ညံ့လေးပြောလေ
မောင်က လူနာနော်"

"တော်စမ်းပါကွာ နေဦး ငါစဉ်းစားဦးမယ်"

"အယ်..ငါတဲ့လား"

ဝမ်ရိပေါ်ပြောတာကို မကြားဟန်ဆောင်ပြီး မျက်နှာရှစ်ခေါက်ချိုးနဲ့ကိုကိုက ဒုတိယအကြိမ်စဉ်းစားနေပြန်သည်။ အတန်ကြာသည်အထိ အဖြေကပြန်မလာတော့..။
နီးနီးလေးကို အဝေးကြီးစဉ်းစားနေတဲ့
မောင့်အသည်းဦးပန်းရယ်ပါ။

Stars,Moon and Our Promises[Complete]Where stories live. Discover now