ပေကျင်းစိတ်ရောဂါကုဆေးရုံရှိ ဆေးရုံအုပ်ကြီး၏ ရုံးခန်းအတွင်း၌ ငယ်ရွယ်နုပျိုပုံရသော အမျိုးသားနှစ်ဦးနှင့်တကွ ဆေးရုံအုပ်တို့သည် စကားလက်ဆုံကျနေကြသည်။ သူတို့ပြောနေသည့်အကြောင်းအရာကား ခရစ်စမတ်ပိတ်ရက်အကြောင်းပါပင်...။ နေရောင်က ရုံးခန်းငယ်အတွင်း၌ မှိန်ပျပျမျှသာ ဖြန့်ကျက်နေသည်။ အချိန်အားဖြင့် တရုတ်စံတော်ချိန် ညနေ6:30ဖြစ်လေသည်။လက်ပတ်နာရီကို ရှောင်းကျန့်ကြည့်မိတော့ ညနေပင်စောင်းနေပေပြီ။ ဆေးရုံအုပ်နှင့်ရောက်တတ်ရာရာပြောကြရင်း အချိန်ကား ကုန်မှန်းမသိကုန်သွားရသည်။နေ့လည်စာ,စားအပြီးတည်းကဆိုတော့ အတော်ကြာပါပြီလေ...။ နံဘေးရှိ ကောင်လေးငယ်ကတော့ စကားဝိုင်းထဲကို စိုးစဉ်းမျှမပါလာဘဲ ငြိမ်သက်စွာပင်နားထောင်နေသည် သို့မဟုတ် တစ်စုံတစ်ယောက်၏ မျက်နှာတော်နုနုကို ငေးမောနေသည်။
"စကားကောင်းနေတာနဲ့ ညနေတောင်စောင်းနေပြီ
ခွင့်ပြုပါဦး ဆရာ ကျနော် ဝမ်ရိပေါ်ကို အိမ်ခေါ်သွားတော့မယ်နော်"ထိုင်နေသည့်မီးခိုးနုရောင်ဆိုဖာပေါ်မှထလိုက်ရင်း အနည်းငယ်လျော့ရဲနေသည့် ရှပ်လက်ရှည်ဖြူလွလွကို ဆွဲချလိုက်ကာ ဆေးရုံအုပ်ကို နှုတ်ဆက်လိုက်သည်။
"ဟုတ်ကဲ့ပါ ဒေါက်တာရှောင်းကျန့်
ပျော်ရွှင်စရာခရစ်စမတ်လေးဖြစ်ပါစေဗျာ""ဟုတ်ကဲ့ပါ ဆရာ
ဆရာလည်း ပျော်ရွှင်စရာခရစ်စမတ်ဖြစ်ပါစေနော်"မျက်နှာထားရွှင်ရွှင်ဖြင့် နှုတ်ဆက်နေသော ဆေးရုံအုပ်ကို ပြန်လည်၍ပင်ဆုတောင်းရင်း နှုတ်ဆက်လိုက်သည်။ ဘေးရှိကောင်လေးကတော့ luggageအစိမ်းလေးကိုကိုင်ကာ မတ်တပ်ရပ်လို့ပေါ့..။
"ဒါနဲ့ ဝမ်ရိပေါ်
ချုံချင်းကိုရောက်ရင် ဆေးတွေသောက်ဖို့မမေ့နဲ့နော် ပြီးတော့...ဒေါက်တာရှောင်းကျန့်စကားလည်းနားထောင်နော် ကြားလား..."ဆေးရုံအုပ်က ဆေးသောက်ဖို့မမေ့ရန်ဆိုလေတော့ အနှီလူသားငယ်က ခေါင်းကိုသာ ခပ်ဖြည်းဖြည်းညိမ့်ပြပြီး ဘာစကားသံမှထွက်မလာတော့..။ တကယ်ဘဲ ဝမ်ရိပေါ်ဟာ သူနဲ့အတူရှိချိန်၌သာ စကားများများပြောလေ့ရှိလေသည်။ ကျန်သည့်အချိန်များ၌ကား ရေငုံနှုတ်ပိတ်။
YOU ARE READING
Stars,Moon and Our Promises[Complete]
Fanfictionတစ်သက်တာလုံး မောင့်လက်မောင်းပေါ်ခေါင်းအုံးအိပ်ပြီး မောင်ပြောပြမယ့် မောင့်အသည်းဦးပန်းအပေါ် မောင်ထားတဲ့ချစ်ခြင်းမေတ္တာတွေရဲ့အကြောင်းကို နားဆင်ပြီး အိပ်မက်လှလှမက်ပါ။