Part-8(Unicode)

1.3K 119 3
                                    


မွှေးပွရုပ်တွေရောင်းသည့်ဆိုင်ကြီးတစ်ခုရှေ့မှာ ကားအနက်ရောင်လေးက တိခနဲထိုးရပ်သွားလေသည်။ ကားတံခါးဖွင့်ကာ ဆင်းလာသည့်သူ့ကြောင့် ဆိုင်အနီးအပါးက ဣတိယမိန်းမသားတို့ အနည်းငယ်တော့ လှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။ ထိုအရပ်အမောင်းကောင်းကောင်းနှင့် smartကျကျဝတ်ဆင်ထားသောသူသည် ဒေါက်တာရှောင်းကျန့် သို့မဟုတ် မီးခိုးရင့်ရောင်မိုးစက်ငယ်လေး၏မြတ်နိုးရသော နှင်းပွင့်ချပ်လေးဖြစ်လေသည်။

ဆိုင်ခန်းက အတော်ကြီးမားပြီး ကျယ်ဝန်းသည်။ ပြီးတော့ သပ်သပ်ရပ်ရပ်နှင့် ကလေးငယ်တွေလိုချင်စဖွယ်ဖြစ်အောင် စီစဥ်ထားသဖြင့် အနီးအပါးဖြတ်သွားကြသော ကလေးအများစုအတွက် လက်ညှိုးညွှန်ရာဖြစ်လေသည်။

"ညီမ ဒီမှာ ညဘက် ကလေးတွေဖက်အိပ်တဲ့ အရုပ်လိုမျိုး ခပ်ကြီးကြီးမွှေးပွရုပ်တွေရှိလား"

အပေါ်အနက်,အောက်အနက်ဝတ်ဆင်ထားသော အရောင်းစာရေးမလေးကို ရှောင်းကျန့်မေးလိုက်သည်။ ထိုမိန်းကလေးက နှစ်လိုဖွယ်ပြုံးကာ ခေါင်းညိမ့်ပြသည်။

"ရှိပါတယ်ရှင့် ဒီကအကိုအနေနဲ့ ငွေပမာဏ ဘယ်လောက်နဲ့ ဘယ်လိုအမျိုးအစားလိုချင်သလဲကို တစ်ချက်ပြောပြပေးပါ့လားရှင်"

"ရတယ် ငွေက.... အရေးမကြီးဘူး
လိုချင်တဲ့ပုံစံက ခပ်ကြီးကြီးအဖြူရောင် ယုန်ရုပ်မျိုး.... ညဘက်တွေ ဖက်အိပ်လို့ရတာမျိုးပေါ့"

"ဟုတ်ကဲ့ရှင့် ညီမနောက်က လိုက်ခဲ့ပါရှင်"

ငွေပမာဏက ရှောင်းကျန့်အတွက် အရေးမကြီးပါ။ ကိုယ်တိုင်ကလည်း ကုသစရိတ်အများကြီးယူလေ့မရှိတာတောင် ဝင်ငွေကအမြဲမပြတ်။ ပြီးတော့ ချုံချင်းက မိဘနှစ်ပါးအတွက်ကလည်း စိတ်ပူစရာမရှိ။ မူလရင်းမြစ်ကပင် ဥစ္စာဓနတောင့်တင်းသော အသိုင်းအဝိုင်းကြီးမှပေမို့ အနည်းငယ်မျှပင် ပူပန်စရာမရှိပါ။ သို့တိုင်အောင်...ငွေကြေးချမ်းသာသော်ငြား ရှောင်းကျန့်တို့ တစ်မိသားစုလုံးက စိတ်ရင်းစေတနာလည်း ကောင်းသည်မို့ လူချစ်လူခင်လည်းပေါလှသည်။

အရောင်းစာရေးမလေးနောက်ကို လိုက်သွားတော့ လမ်းတစ်လျှောက်မှာ အရုပ်တွေက အရုပ်တိုင်းပြည်ကို ရောက်နေသလိုပင် များပြားလှသည်။ တိရစ္ဆာန်ရုပ်မျိုးစုံ, မွှေးပွဘာဘီရုပ်ကြီးတွေကအစ အစုံအလင်ရှိနေသည်ကို တွေ့ရသည်။ မှန်ကောင်းတာတစ်ခုရှေ့တွင် ထိုစာရေးမလေးက ရပ်လိုက်သည်။ ရှေ့ရှိမှန်ကောင်တာကို ရှောင်းကျန့်ကြည့်လိုက်မိတော့မွှေးပွယုန်ရုပ်တွေကို ပုံစံအမျိုးမျိုး အရောင်အသွေးအမျိုးမျိုးဖြင့် တွေ့ရလေသည်။ Bunnyလို ချစ်စရာယုန်ကလေးမှအစ ပုံပြင်တွေထဲကလို ဒေါသကြီးကြီးယုန်ဆိုးကြီးအရုပ်တွေအထိ....။

Stars,Moon and Our Promises[Complete]Where stories live. Discover now