Part-15(Unicode)

1.6K 118 0
                                    


အခန်းကျဥ်းလေးထဲမှာတစ်ယောက်တည်းထိုင်ရင်း ခပ်မဲ့မဲ့ သူပြုံးမိသည်။ မနက်ဖြန်ဆိုရင် သည်လောကထဲက သူထွက်သွားမှာဖြစ်သလို သူချစ်ရတဲ့တစ်စုံတစ်ယောက်ကလည်း
မိသားစုဘဝလေးကို ပိုင်ဆိုင်တော့မှာဖြစ်သည်။ အခန်းထဲမှာရှိတဲ့အရာအားလုံးကို ခပ်ကြာကြာသူကြည့်နေလိုက်သည်။ နှုတ်ဆက်ရတော့မယ့်အကြည့်လိုမျိုးပေါ့...။
သည်တစ်ညကုန်ရင် ဘဝသစ်ကို သူသွားတော့မည်။ သေတမ်းစာလေးလည်း ရေးခဲ့မည်။ သေတမ်းစာထဲက တစ်ခုတည်းသောစာကြောင်းက အနှောင်အဖွဲ့ကင်းစွာဘဝကူးဖို့ တစ်စုံတစ်ဦးကိုပျော်ရွှင်စွာ နေခဲ့စေလိုကြောင်းဖြစ်သည်။

ဒေါက် ဒေါက် ဒေါက်

တံခါးခေါက်သံကြားနေပေမယ့် သူ ဘာမှမ​ပြောဖြစ်သလို ပြတင်းပေါက်ဆီမျက်နှာမူထားတာကိုလည်း လှည့်မကြည့်ဖြစ်။ ညစာလာပို့တာဘဲဖြစ်မှာမို့ သူက ဘာမှမပြောလည်း ထားခဲ့မည်ဖြစ်သောကြောင့်ဖြစ်သည်။

"ညစာပါ ဝမ်ရိပေါ်"

အခန်းထဲမှထွက်ခွာသွားသည့် လမ်းလျှောက်သံခပ်သဲ့သဲ့ကို သူကြားရသည်။ ဆေးရုံမှာရှိတဲ့သူနာပြုတွေက အရာရာကိုညင်ညင်သာသာရှိကြတာမို့ အခန်းထဲကထွက်သွားတဲ့​ခြေသံက သိပ်မသိသာလှ။ စားပွဲပုလေးပေါ်မှာတင်ထားတဲ့ ညစာဗန်းကို သူယူလိုက်သည်။

ဘာလို့ညစာက ခေါက်ဆွဲတဲ့လဲ...။ ပြီးတော့တစ်စုံတစ်ယောက် ပထမဆုံးနံနက်စာခွံ့ကျွေးခဲ့တုန်းကလို နံနံပင်တွေအများကြီးပါသည်။
နံနံပင်ကို ဝမ်ရိပေါ်ကြိုက်ပေမယ့် တစ်ယောက်သောသူထံကနေမလွတ်မြောက်နိုင်သေးတာကိုတော့ သဘောမကျပါ။ ခေါက်ဆွဲပန်းကန်လေးကို ပြုံးပြီးကြည့်ရင်း ခေါက်ဆွဲကို သမအောင်မွှေလိုက်သည်။ အခန်းထဲမှာ ဝမ်ရိပေါ်တစ်ယောက်တည်းမို့ ခေါက်ဆွဲစားတော့လည်း သူတစ်ယောက်တည်းပါဘဲ။

ဖိတ်စာလေးပေါ်က suitအဖြူနဲ့ပြုံးနေတဲ့မျက်နှာလေးကို သည်တစ်ညလုံးထိုင်ကြည့်ဖို့ ဝမ်ရိပေါ်တွေးထားသည်။ ဒါက နောက်ဆုံးအနေနဲ့ ငြိတွယ်ခြင်းဘဲမလား...။ အမြစ်ဖြတ်ဖို့ကြိုးစားလေတိုင်း တိုး၍သာငြိတွယ်ခဲ့တဲ့အဖြူရောင်နွယ်လေးကို အပြီးအပိုင် သူနှုတ်ဆက်ရတော့မည်။ ကြယ်တွေထက်လင်းလက်တဲ့ နီးထွေးထွေးနှုတ်ခမ်းပါးလေးအောက်က မှဲ့နက်လေးကိုလည်း ကျောခိုင်းတော့မည်။ ဒီဘဝအတွက်တော့ နှလုံးသားကိုအပြီးအပိုင်ဘဲ နှင်းအပ်ခဲ့မည်။ နောက်ဘဝများကျရင်တော့ မချစ်တတ်တဲ့လူတစ်ယောက်အဖြစ်မွေးဖွားလာဖို့ တီးတိုးဆုတောင်းလိုက်သည်။

Stars,Moon and Our Promises[Complete]Where stories live. Discover now