"သားရယ်.. သေချာလေးဂရုစိုက်လိုက်ပါဦးကွယ်..သူ့ခမျာ ငယ်ငယ်ရွယ်ရွယ်နဲ့ အဖြစ်ဆိုးကြီး ကြုံခဲ့ရတော့ စိတ်တွေထွေပြားကုန်တာပေါ့""ဟုတ်ကဲ့ပါ ဒေါ်လေး
ကျနော်လည်း အတတ်နိုင်ဆုံး ကြိုးစားပြီး ကုသပေးမှာပါ ဒါပေမယ့် တစ်ခုရှိတာက သူက ကျိုးချန်လိုလည်း လွယ်လွယ်ညာလို့မရဘူး
စိတ်ဝေဒနာသာဆိုတယ် သူ့ရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းက အရမ်းမြင့်နေတယ်""အေးပါ သားရယ် သေချာကုသပေးလိုက်ပါ
ကျိုးချန် ကျန်းမာနေတာကို မြင်ရတော့ အက်ဒီကောင်လေးကိုလည်း ကျိုးချန်နည်းတူ သာမန်ဖြစ်သွားစေချင်တယ်""ဟုတ်ကဲ့ပါ ဒေါ်လေး
ကျိုးချန်ရော် ဘယ်သွားလဲ""ကျိုးချန်ကတော့ ထုံးစံအတိုင်းပေါ့
သူ့အခန်းထဲမှာ ပန်းချီဆွဲနေလေရဲ့
ဒါနဲ့ သားကို မေးရဦးမယ်
သားနဲ့ အားတင်းနဲ့ ဘယ်တော့လောက်လက်ထပ်ဖြစ်မလဲ"ဒေါ်လေး၏ အဖြေစကားကို ချက်ချင်းဖြေဖို့ သူ့မှာ အဖြေမရှိသေး....။ အားတင်းကလည်း လက်ထပ်ဖို့ မစဉ်းစားချင်သေးဟုဆိုထားသည်။ ရှောင်းကျန့်ကိုယ်တိုင်ကတော့ ချစ်ရသူလေးနှင့် တစ်အိုးတစ်အိမ်ထူထောင်ချင်လှပြီ။ ပျော်ရွှင်ဖွယ်ကောင်းသော မိသားစုဘဝလေးကို ရှောင်းကျန့်လိုချင်သည်။
"ကျနော် မသိသေးဘူး ဒေါ်လေး
အားတင်းကလည်း လက်မထပ်ချင်သေးဘူးထင်တယ် ပြီးတော့ သူက လွတ်လွတ်လပ်လပ်နေချင်သေးပုံရတယ်"မသေချာမရေရာသော အဖြေကို ရှောင်းကျန့်ပေးသည်။ ဒေါ်လေးကတော့ သူ့အဖြေကို သဘောကျဟန်မတူ။ တကယ်ဆိုလျှင် ဒေါ်လေးက အားတင်းကို သိပ်နှစ်သက်ဟန်မရှိ။ မိန်းကလေးဖြစ်ပြီး ယဉ်ကျေးမှုမရှိဘဲ သွက်လက်လွန်းနေသည်ဟု သူ့ကို ဆိုဖူးသည်။ ပြီးတော့ ချုံချင်းက မိဘနှစ်ပါးနှင့် အားတင်း၏ မိဘနှစ်ပါးက လူကြီးချင်းရင်းနှီးခင်မင်ကြသည်။
အားတင်း၏ မိဘတွေသည်လည်း ချုံချင်းကပင်ဖြစ်သောကြောင့် မိဘတွေလူငယ်ဘဝတည်းက သားသမီးမွေးလျှင် လက်ထပ်ထိမ်းမြားပေးဖို့ ကတိပြုခဲ့ကြသည်။ ရှောင်းကျန့်နှင့် အားတင်းကလည်း တစ်ဦးနှင့်တစ်ဦးမေတ္တာသက်ဝင်နေပြီဖို့ ထားရှိပြီးသော ကတိကို ဖျက်မနေကြတော့။ အမှန်အတိုင်းပြောရလျှင် သွက်လက်ရဲတင်းလွန်းသော အားတင်းကို မိဘများသည်လည်း သိပ်သဘောကျသည်တော့ မဟုတ်တော့။ လူကြီးချင်း မျက်နှာပျက်မည်စိုး၍သာ ဘာမျှမစွက်ဖက်ဘဲ အေးအေးနေခြင်းဖြစ်လေသည်။
YOU ARE READING
Stars,Moon and Our Promises[Complete]
Fanfictionတစ်သက်တာလုံး မောင့်လက်မောင်းပေါ်ခေါင်းအုံးအိပ်ပြီး မောင်ပြောပြမယ့် မောင့်အသည်းဦးပန်းအပေါ် မောင်ထားတဲ့ချစ်ခြင်းမေတ္တာတွေရဲ့အကြောင်းကို နားဆင်ပြီး အိပ်မက်လှလှမက်ပါ။