"ကိုကိုတို့ ကုန်တိုက်သွားကြရအောင်လေ ရိပေါ်"မျက်စိရှေ့ကကောင်လေးကို Hoodieဝတ်ပေးရင်း ပြောလိုက်တော့ ကောင်လေးက ပါးလေးတွေ့မို့အောင်ပြုံးပြကာ ခေါင်းညိမ့်လေသည်။ မနက်ဖြန်ဆိုရင်ဘဲ ချုံချင်းကိုပြန်တော့မှာမို့ ကောင်လေးအတွက် လိုအပ်တာတချို့ဝယ်ဖို့ ပေကျင်းမြို့ထဲက ကုန်တိုက်တစ်ခုခုကို သွားရမည်။
"ဟား ..ကိုကို့ရိပေါ်က အများကြီးပိုချောသွားပြီ"
Hoodieအပြာနုလေးကို ဂျင်းအဖြူလေးနဲ့ ကိုယ်တိုင်တွဲဝတ်ထားပေးကာ ဖြူဖြူဥဥလေး ခန့်ညားနေပြန်သော ကောင်လေးကို သဘောတကျကြည့်ရင်း ပြုံးမိပြန်သည်။ နဖူးပြေပြေလေးမှာ ဝေ့ဝဲကာ ကျနေသော မီးခိုးရောင်ဆံစလေးတွေကို လက်နဲ့သပ်ကာ ဖယ်ပေးမိတော့ မျက်နှာနုနုက ထင်ရှားစွာ ချောမောနေပြန်သည်။
"ကဲ....သွားကြမယ် လာ"
ရှေ့ကနေအရင်ထွက်သွားတော့ ကောင်လေးက လှုပ်တုတ်လှုပ်တုတ်နှင့် လိုက်လာသည်။
ယနေ့ကျမှ သည်ကောင်လေးက ပို၍ပင်ချစ်ဖို့ကောင်းနေသလို ရှောင်းကျန့်ခံစားရသည်။ ချုံချင်းက မိဘနှစ်ပါးကလည်း ဒေါ်လေးကဲ့သို့ပင် သည်ကောင်လေးကို အကဲပိုအချစ်ပိုကြဦးမည်ထင်သည်။ အရပ်အမောင်းကောင်းကောင်းနှင့်သည်ကောင်လေးဟာ ယောကျာ်းဆန်ဆန်ပင် ချစ်စရာကောင်းပါသေးသည်။ ကိုကို့ရိပေါ်ဟူသော နာမ်စားလေးသုံးလိုက်သည့်အခါ မသိမသာကွေးတက်သွားသော တစ်စုံတစ်ယောက်၏ နှုတ်ခမ်းပါးလေးကိုတော့ ရှောင်းကျန့်မမြင်ခဲ့ပါလေ သို့မဟုတ် မမြင်ချင်ယောင်ဆောင်ခဲ့လေပါသလော....။ဆေးရုံအောက်က ကားထားသည့် ဆင်ဝင်အောက်ကိုရောက်တော့ ကားအဖြူများကြားတွင် ရှောင်းကျန့်၏ အနက်ရောင်ကားလေးက ထင်းနေသဖြင့် ရှာရမခက်ပါပေ။ lover seatမှာ ကောင်လေးကို ထိုင်ခိုင်းလိုက်လေတော့ ရှောင်းကျန့်ကိုယ်တိုင်ပင် နားရွက်ဖျားတို့အနည်းငယ်နီမြန်းနေကာ အရှက်သည်းမိလေသည်။ ကောင်လေးကို ကြည့်မိတော့ ကားပြတင်းပေါက်မှနေ၍ ပြင်ပဝန်းကျင်ကို တမေ့တမောငေးနေလေသည်။ သြော်... ကောင်လေးခမျာ သည်အရာတွေနှင့်စိမ်းသက်နေပါလိမ့်ဦးမည်။
YOU ARE READING
Stars,Moon and Our Promises[Complete]
Fanfictionတစ်သက်တာလုံး မောင့်လက်မောင်းပေါ်ခေါင်းအုံးအိပ်ပြီး မောင်ပြောပြမယ့် မောင့်အသည်းဦးပန်းအပေါ် မောင်ထားတဲ့ချစ်ခြင်းမေတ္တာတွေရဲ့အကြောင်းကို နားဆင်ပြီး အိပ်မက်လှလှမက်ပါ။