နှစ်ဖက်မိဘတွေရဲ့သဘောတူညီချက်အတိုင်း
မင်္ဂလာပွဲကိုဖျက်သိမ်းလိုက်သည်။ သို့တိုင်အောင် ပညာတော်သင်သွားမည့်အစီအစဥ်က မပြောင်းလဲခဲ့ပါ။ သည်ရက်တွေမှာ ဆေးရုံမှာဘဲနေဖြစ်တာမို့ မေမေတို့ချုံချင်းကိုပြန်တာကိုလည်း လိုက်မပို့ဖြစ်။ ခံစားချက်အားလုံးကို မိဘတွေဆီမှာဖွင့်ဟခဲ့လို့ လက်ခံကြပေမယ့် ပညာတော်သင်သုံးနှစ်သွားရဦးမည်။ သည်တစ်ခုတော့ ရှောင်းကျန့်လိုက်လျောနိုင်ပါသည်။အသက်ရှူသံမှန်မှန်နဲ့အိပ်ပျော်နေတဲ့ကောင်လေးကို ငေးကြည့်နေရတာ တစ်ပတ်ပြည့်ခဲ့ပြီဖြစ်သည်။ လက်ချောင်းသွယ်တို့က လှုပ်ရှားမလာသေးသလို မျက်ဝန်းတို့ကလည်း ပွင့်အာမလာသေး။ နီထွေးထွေးနှုတ်ခမ်းတွေကနေ *ကိုကို* လို့ခေါ်လာဖို့ကိုလည်း သူစောင့်စားနေဆဲဖြစ်သည်။
"ဒီနေ့ ကိုကိုက ပုံပြင်ပြောပြမယ်
ကတိမတည်တတ်တဲ့ ယုန်ကလေးအကြောင်းလေ ကိုကို့ရိပေါ်နားထောင်မယ်မလား"ပြန်ဖြေသံမကြားရပေမယ့် သည်ခုနှစ်ရက်လုံးလုံးမှာ ရှောင်းကျန့်စကားတွေအများကြီးပြောဖြစ်သည်။ ထမင်းကိုဘာဟင်းနဲ့စားတယ်ကအစ မိုးရွာတာနေပူတာအဆုံး ကုတင်ပေါ်မှာမှေးစက်နေသည့်ကောင်လေးကို လက်ချောင်းလေးတွေကိုဆုတ်ကိုင်ရင်း ဖွင့်ဟပြောဆိုမြဲဖြစ်သည်။ တစ်ခါတစ်ရံ ဆုတ်ကိုင်ထားတဲ့ကောင်လေးလက်ချောင်းသွယ်တွေကို သူ့ပါးပြင်ပေါ်မှာ ခပ်ဖွဖွပွတ်သပ်ရင်း သီချင်းတွေဆိုဖြစ်သည်။ ပုံပြင်ရှည်ကြီးတွေပြောဖြစ်သည်။ မြန်မြန်နိုးထလာဖို့လည်း အမိန့်ပေးတတ်သလို ဘာကြောင့်မိုက်မဲခဲ့ရသလဲဟူ၍လည်း ခပ်ဆတ်ဆတ်ဆူငေါက်တတ်ပါသေးသည်။ သို့တိုင်အောင် ကောင်လေးငယ်ကတော့ ငြိမ်သက်တိတ်ဆိတ်စွာအိပ်စက်မြဲဖြစ်သည်။
"ဟိုးရှေးရှေးတုန်းက တိုင်းပြည်တစ်ပြည်မှာ ကတိမတည်တတ်တဲ့ယုန်ကလေးရှိတယ်တဲ့
အဲ့ဒီယုန်ကလေးမှာလေ အရမ်းချစ်ရတဲ့သူငယ်ချင်း...အဲ...မဟုတ်သေးဘူး ဒါပေမယ့် သူငယ်ချင်းလို့ဘဲထားပါးတော့"သူ့စကားကို သူကိုယ်တိုင်ပင် သဘောကျရင်း ရှောင်းကျန့်ရယ်လိုက်သည်။ ကုတင်ပေါ်ကတစ်ယောက်သောသူရဲ့ နှုတ်ခမ်းထောင့်စွန်းတွေကွေးမလာပေမယ့် ရှောင်းကျန့်သဘောတကျပင် လက်ဖဝါးနုနုတွေကို နမ်းရှိုက်လိုက်သည်။
YOU ARE READING
Stars,Moon and Our Promises[Complete]
Fanfictionတစ်သက်တာလုံး မောင့်လက်မောင်းပေါ်ခေါင်းအုံးအိပ်ပြီး မောင်ပြောပြမယ့် မောင့်အသည်းဦးပန်းအပေါ် မောင်ထားတဲ့ချစ်ခြင်းမေတ္တာတွေရဲ့အကြောင်းကို နားဆင်ပြီး အိပ်မက်လှလှမက်ပါ။