Part-1(Unicode)

5.4K 219 10
                                    


"ဝမ်ရိပေါ် မလုပ်နဲ့ မလုပ်နဲ့နော် မင်းစိတ်ကို ငြိမ်အောင်ထားပြီး ပြန်ဆင်းခဲ့ပါကွာ
ဆရာတို့နဲ့ ဆွေးနွေးကြရအောင်လေ ဝမ်ရိပေါ်ရယ် ဆင်းခဲ့နော်"

"ဆင်းခဲ့ ဝမ်ရိပေါ်
မလုပ်ပါနဲ့"

"ဝမ်ရိပေါ် ကြားရဲ့လား သတိကပ်စမ်းပါ ဝမ်ရိပေါ်"

ဆရာဝန်များနှင့် သူနာပြုတွေ ယောင်ယက်ခတ်နေသည်။ အသံဗလံတွေကလည်း ဆူညံလို့ပါပင်။

အခု သူရောက်နေတာက ပေကျင်းမြို့ရဲ့ စိတ်ရောဂါကုဆေးရုံတစ်ခုရဲ့ ခေါင်းမိုးထပ်က အုတ်ခုံဘောင်လေးပေါ်မှာ မတ်တပ်ရပ်လို့ပေါ့။ ဆေးရုံအဝတ်အစားအပြာရောင်နဲ့ သူ့ခြေဖဝါးမှာ ဆေးရုံသုံးဖိနပ်ပါးလေးတစ်ရံကလည်း နေရာယူလို့ပါပင်။ လေတွေက ဒလဟော တဖြူးဖြူးတိုက်နေသည်။ အောက်ဘက်ကို ငုံ့ကြည့်လိုက်လျှင်တော့ ကားရောင်စုံတို့က ဟိုမှသည်ပြေးလွှားနေသည်ကို သူ မြင်နေရသည်။

သည်အဆောက်အဦးခေါင်မိုးထပ်မှာ သူရပ်နေတာ အတော်ကြာပြီဖြစ်သည်။ အပေါ်စီးကနေ ဟိုးအောက်ဆုံးကို ငုံ့ကြည့်နေရသည်မှာ အသည်းတအေးအေးပါပင်။ သို့သော်ငြား သူ သည်အရသာကို သိပ်နှစ်သက်သည်။ ပြီးတော့ သူ အခုသိပ်ကို လုပ်ချင်နေသည့် အရာလည်း ရှိသည်။ သည်အမြင့်ဆုံးကနေ ဟိုးအောက်ဆုံးဆီထိ ခုန်ချပစ်လိုက်ဖို့ကို သူ စိတ်ကူးရနေသလို အကောင်အထည်ဖော်ဖို့အတွက် ရောက်လာခဲ့ခြင်းဖြစ်သည်။

အမြင့်ဆုံးကနေ အောက်ကို ပြုတ်ကျသွားတဲ့ ခံစားချက်က ဘယ်လိုနေမလဲဆိုတာကို သူ အကြိမ်ကြိမ်တွေးကြည့်ခဲ့ဖူးသည်။
သည်ခံစားချက်က
စွန်ကလေးလို လွတ်လပ်ပေါ့ပါးနေမလား
ဒါမှမဟုတ်
လေဟာနယ်လေးကို ဖြတ်ရုံသက်သက်လား
အက်လိုမဟုတ်ခဲ့ရင်
ကောင်းကင်မှာ ပျံနေတဲ့ ငှက်တွေလိုမျိုးလား
အခုအချိန်မှာတော့ သည်ခံစားချက်ကို
သူ အပြည့်အဝ စူးစမ်းခွင့်ရတော့မည်။

မျက်လုံးတို့ကို မှိတ်ချလိုက်ရင်း
အသက်မဲ့သော အပြုံးတို့ကို သူဆင်မြန်းလိုက်သည်။ နောက်ထပ်ခြေတစ်လှမ်းစာလောက်တိုးလိုက်ရင် သူ သိချင်နေသော ခံစားချက်လေးကို အပိုင်စားရတော့မည်။
ပြီးတော့ ဖေဖေနှင့်မေမေနဲ့ သူ ပြန်တွေ့မည်။
သူ့ကို သိပ်ချစ်တဲ့ အဘိုးကိုလည်း စကားတွေအများကြီးပြောဦးမည်။ ပြီးတော့ ညီမလေး။ပါးနှစ်ဖက်ဆီမှ မျက်ရည်ဥတို့က သူ မစေခိုင်းပါဘဲနှင့် တလိမ့်လိမ့် စီးဆင်းလာခဲ့သည်။

Stars,Moon and Our Promises[Complete]Where stories live. Discover now