Part-12(Unicode)

1.4K 112 4
                                        


ခရစ်စမတ်ပိတ်ရက်က လျင်လျင်မြန်မြန်ဘဲ ကုန်ဆုံးခဲ့သည်။ နှင်းတွေကိုကြည့်ရင်း ကြယ်တွေကိုငေးရင်း ပြီးတော့....နဖူးပြင်လေးကို ကြိမ်ဖန်များစွာခိုးယူရင်းနဲ့ဘဲ ဆယ်ရက်တာခရစ်စမတ်ဟာ ကုန်ဆုံးသွားခဲ့သည်။ ခရစ်စမတ်မဟုတ်တော့သည့်တိုင်အောင် ကိုကို့အိမ်ရှေ့က မေဘယ်ပင်မှာ နှင်းစက်လေးတွေကတွဲလွဲခိုကြဆဲ..။ နောက်နေ့မနက်ဆိုရင်ဘဲ ပေကျင်းကို သူတို့ပြန်ကြရတော့မည်။

"ကျနော် ဟိုရောက်တာနဲ့ အဲ့ကိစ္စကို စီစဥ်လိုက်တော့မယ် မေမေ"

အခန်းထဲမှာ ကိုကို့ကိုမတွေ့လို လိုက်ရှာနေတုန်း ဧည့်ခန်းဆီက ကိုကို့အသံကြောင့် နှုတ်ခမ်းထောင့်စွန်းတို့က ကွေးတက်သွားသည်။ ရှောင်းကျန့်ဆိုတာ အသံလေးကြားရရုံနဲ့ ဝမ်ရိပေါ်ကို ရူးသွပ်စေနိုင်တဲ့လူသားရယ်ပါ။ ဧည့်ခန်းဆီသို့ဆက်မသွားတော့ဘဲ နီထွေးထွေးနှုတ်ခမ်းနှစ်လွှာက ဘာစကားတွေများကြားရဦးမလဲဟုတွေးကာ တံခါးအကွယ်လေးမှာ ဝမ်ရိပေါ်ရပ်နေလိုက်သည်။

"သားကျန့် သားခံစားချက်တွေကို မေမေသိနေတယ် သားကျန့် မျက်ဝန်းက ညာလို့မရဘူးဆိုတာ သိတယ်မလား"

"ဘာတွေများကျနော်က ညာရပါ့မလဲ
ကျနော်က ကျနော့်စိတ်အတိုင်း ရွေးချယ်တာပါဘဲ"

ကိုကို့က ဝမ်းနည်းရိပ်တွေကိုဖုံးကွယ်ရင်း ခပ်ဟဟရယ်သေးသည်။ ကိုကိုက ဘာတွေကိုများရွေးချယ်နေပါလိမ့်....။ ပြီးတော့ ကိုကို့မေမေကရော်...ဘာကိုညာတယ်လို့ထင်နေရတာလဲ။

"ထားပါတော့...သားကျန့်သဘောပါဘဲ ဒါနဲ့ ဘယ်တော့လောက်စီစဥ်ဖြစ်မလဲ"

"အင်း...ကျနော် ပေကျင်းကိုရောက်တာနဲ့ လက်ထပ်ဖို့စီစဥ်တော့မယ် အားတင်းကိုလည်း​ပြောပြီးသား"

ကြားလိုက်ရတဲ့စကားက မမျှော်လင့်ထားစွာဘဲ သူ့ဆီကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်။ ကိုကိုက ကတိမတည်ခဲ့ဘူးဘဲကိုး...။ နားနှစ်ဖက်ကိုအုပ်ထားတဲ့လက်တွေကိုဖြည်ချလိုက်ရင်း အပေါ်ထပ်က အခန်းဆီကို ဝမ်ရိပေါ်ပြန်လာခဲ့သည်။ တစ်ဆစ်ဆစ်နာနေတဲ့ နှလုံးသားကို မျက်ကွယ်ပြုထားရင်း သူပြုံးလိုက်သည်။

Stars,Moon and Our Promises[Complete]Where stories live. Discover now