ကလင် ကလင် ကလင်ခပ်ကျယ်ကျယ်ထွက်လာတဲ့နာရီနှိုးစက်သံကြောင့် ရင်ခွင်ထဲကနှင်းလုံးလေးကလှုပ်လှုပ်ရွရွဖြစ်လာတာမို့ နှိုးစက်ကို ဝမ်ရိပေါ်ပိတ်ထားလိုက်သည်။ ဆွဲသွင်းခံထားရတဲ့ရင်ခွင်ထဲကနေအတင်းရုန်းထွက်နေတာမို့ တိုး၍ဖက်ထားလိုက်တော့ ယုန်သူငယ်လေးခမျာ မလူးသာမလွန့်သာ။
"မောင် ငါ့ကိုလွှတ်ပါဦးလား
မနက်စာလည်းလုပ်ရဦးမယ်လေ"မနက်ခင်းရဲ့တေးသံသာအဖြစ်ပေါ်ထွက်လာတဲ့အကြင်သူရဲ့စကားကို မျက်ကွယ်ပြုရင်း သူမျက်လုံးကိုအတင်းမှိတ်ချလိုက်သည်။ တကယ်ဆိုမနက်ခင်းအစောကြီးရှိသေးတာမလား။
"အစောကြီးလေကွာ
ခုမှ မနက်6:00ရှိသေးတာ မောင့်အသည်းဦးပန်းရဲ့
ပြန်အိပ်နော် ကျွတ် ကျွတ် ကျွတ်"ခေါင်းလုံးလေးကိုရင်ခွင်ထဲသွင်းပြီး တင်ပါးလေးကိုပုတ်ပေးကာ ကလေးတွေချော့သလိုချော့တော့ အိမ်သားချစ်သက်ဝေက သဘောကျစွာရယ်သည်။ စီစီညံညံရယ်သံလေးတွေက ဝမ်ရိပေါ်ဆိုတဲ့သူ့အတွက် ဘုရားသခင်ဖန်တီးခဲ့တဲ့ အကောင်းဆုံးလက်ဆောင်။
"မဟုတ်ဘူးလေ မောင်ရဲ့
မနက်စာလည်းလုပ်ရဦးမယ် ပြီးတော့...""ပြီးတော့ ဘာဖြစ်တာလဲပြောပါ့ဦး မောင့်ကို"
ရင်ခွင်ထဲကနေဖြည်းဖြည်းချင်းလွှတ်ပေးလိုက်တော့ ခေါင်းအုံးလေးကိုပိုက်ကာထိုင်နေတဲ့ချစ်ရသူကို သူမေးလိုက်သည်။
"မင်းသိတဲ့အတိုင်းဘဲ
ကလေးတွေက မနက်အစောကြီးလာတာမလား အဲ့တော့ ငါတို့ကအဆင်သင့်ဖြစ်နေရင်ပိုကောင်းတာပေါ့ မောင်ရဲ့"သူဘာမှမပြောတော့ဘဲ ထိုင်နေသည့်ချစ်ရသူရဲ့ပေါင်ပေါ်မှာခေါင်းတင်လိုက်တော့ အလိုက်သိစွာဘဲ ရှည်သွယ်သွယ်လက်ချောင်းတွေက သူ့နဖူးပေါ်ကဆံနွယ်တွေကို သပ်တင်ပေးလာသည်။ နဖူးပြင်ပေါ်မှာဘဲဝေ့ဝဲနေတဲ့လက်ချောင်းရှည်တွေကိုဖမ်းဆုတ်လိုက်တော့ မျက်ဝန်းကြည်တွေက ဝိုင်းခနဲ။
"မောင့်အသည်းဦးပန်းကို မောင်ချစ်လိုက်တာ"
သူ့စကားအဆုံးမှာမျက်ဝန်းတွေမှိတ်ကျသွားတဲ့တစ်စုံတစ်ယောက်ဟာ သူ့မေတ္တာတွေကိုအပိုင်စားရထားတဲ့ နှလုံးသားထဲကဘုရင်လေး။ လက်ချောင်းနုနုလေးနဲ့ သူ့နှာခေါင်းထိပ်လေးကိုလာညှစ်လေတော့ သူပါ သဘောတကျရယ်မိသည်။
YOU ARE READING
Stars,Moon and Our Promises[Complete]
Fanficတစ်သက်တာလုံး မောင့်လက်မောင်းပေါ်ခေါင်းအုံးအိပ်ပြီး မောင်ပြောပြမယ့် မောင့်အသည်းဦးပန်းအပေါ် မောင်ထားတဲ့ချစ်ခြင်းမေတ္တာတွေရဲ့အကြောင်းကို နားဆင်ပြီး အိပ်မက်လှလှမက်ပါ။