ကားအနက်ရောင်လေးက လမ်းမပေါ်မှာ တရိပ်ရိပ်နှင့်တငြိမ့်ငြိမ့်ပြေးနေသည်။ မကြာခင်ပင် ချုံချင်းကိုရောက်တော့မည်တဲ့။ သစ်ပင်ပုလေးတွေကိုငေးနေတုန်း ကိုကိုကပြောတော့ သူခေါင်းညိမ့်ပြလိုက်သည်။ ကိုကိုကတော့ ဇာတိကိုပြန်ရမည်ဖြစ်၍ သိပ်တက်ကြွနေသည်။ အမြဲတည်တည်ငြိမ်ငြိမ်နေတတ်တဲ့ ကိုကိုဟာ ဒီနေ့မှာတော့ သီချင်းလေးတစ်အေးအေးဖြင့် ပြုံးရွှင်လို့နေပါသည်။ မိဘတွေက ကိုကို့ကို သိပ်ချစ်သလို ကိုကိုကလည်း မိဘတွေကို အတော်ချစ်ပုံရသည်။ထုံးစံအတိုင်းပေါ့ ကိုကိုက အဖြူရောင်ရှပ်လက်ရှည်ကို ဘောင်းဘီရှည်အနက်နဲ့ တွဲလို့သာ ဝတ်ထားသည်။ အပြင်အဆင်တွေပြောင်းလဲမနေပါဘဲ ကိုကိုက ဒီနေ့တော့ မြူးကြွတဲ့ လူငယ်တစ်ယောက်အသွင်ပေါက်နေသည်။ ပိန်ပိန်ပါးပါးခန္ဓာကိုယ်နဲ့ ဖြူနုနုကိုကိုဟာ သူ့အမြင်မှာ ဘယ်တုန်းကမှ ယောကျာ်းဆန်စွာ ချောမောမနေခဲ့..။ အမြဲတမ်း.....မဟုတ်ဘူး.....ထာဝရအတွက် ကိုကိုက သူ့အမြင်မှာ ကလေးလေးတစ်ယောက်လို ချစ်ဖို့ကောင်းနေဆဲဖြစ်သည်။
အသက်သုံးဆယ်စွန်းစွန်းကိုကိုဟာ ရိပေါ်အတွက်တော့ အစဥ်အမြဲထွေးပွေ့ချင်စရာ အရုပ်ကလေးတစ်ရုပ်ဖြစ်သည်။ ဘာအရုပ်လေးလဲမေးခဲ့ရင်တော့ ယုန်ရုပ်လေးပေါ့...။"ရိပေါ် ကိုကို့အိမ်ကိုရောက်ရင် ဘာမှအားနာနေစရာမလိုဘူးနော် ဘာမှလည်းမကြောက်နဲ့
ရိပေါ်အနားမှာ ကိုကိုရှိနေတာဘဲ"နူးနူးညံ့ညံ့လေး ပြောလာတဲ့စကားသံနောက်မှာကပ်ပါလာတဲ့ ကြည်လဲ့လဲ့မျက်ဝန်းတွေက မျက်တောင်တစ်ကြိမ်ခတ်ဖို့ နှမြောတသရလောက်အောင်ကို လှသည်။ ဆံနွယ်နက်နက်တွေ, မျက်ခုံးတန်းနက်နက်တွေ, ကြည်တောက်နေတဲ့ မျက်ဝန်းနက်တွေ...ပြီးတော့ နီထွေးထွေးနှုတ်ခမ်းအောက်က မှဲ့နက်လေး....အားလုံး....အားလုံးပင် ကိုကို့မျက်နှာမှာ ပြစ်သားမရှိ လှချင်တိုင်း လှနေသည်။ လက်ချောင်းသွယ်တွေကလည်း မပါမဖြစ်ပေါ့လေ...။
"ဟုတ်ကဲ့ပါ ကိုကို"
လေသံခပ်မှန်မှန်နဲ့ ရိပေါ်ဖြေလိုက်တော့ ကိုကိုက တစ်ချက်ပြုံးပြပြီး ပြန်လှည့်သွားသည်။ လည်ပင်းက သွေးကြောစိမ်းမြမြကို ကြည့်မိရင်း ဖန်စီဆွဲကြိုးလေးကိုမြင်တော့ ကျေနပ်မှုတို့က ရင်ထဲမှာ တိုးဝှေ့နေရာယူသည်။ မိဘတွေဆုံးပြီးတည်းက သူပထမဦးဆုံးတွယ်တာမိသူသည် ကိုကိုဖြစ်လေသည်။ ပြီးတော့ ကိုကို့ကို အပိုင်လိုချင်သေးသည်။ ကိုကို သူ့ကို ကုသပေးခဲ့ပြီးနောက်ပိုင်း သူ ထမင်းပုံမှန်စားသည်။ ကိုကို့ကြောင့် ဆေးပုံမှန်သောက်တတ်လာသည်။ တကယ်တော့ ရိပေါ်မှာ စိတ်ဒဏ်ရာတွေလည်းမရှိတော့ဘူးဟုထင်ပါသည်။ အရင်ကလို ခံစားချက်အသစ်အဆန်းတွေကို သူ မလိုချင်တော့ပါ။ အဲ့ဒီအစား သူ ကိုကို့ကိုဘဲ အပိုင်လိုချင်တော့သည်။
![](https://img.wattpad.com/cover/288300015-288-k837194.jpg)
YOU ARE READING
Stars,Moon and Our Promises[Complete]
Fanficတစ်သက်တာလုံး မောင့်လက်မောင်းပေါ်ခေါင်းအုံးအိပ်ပြီး မောင်ပြောပြမယ့် မောင့်အသည်းဦးပန်းအပေါ် မောင်ထားတဲ့ချစ်ခြင်းမေတ္တာတွေရဲ့အကြောင်းကို နားဆင်ပြီး အိပ်မက်လှလှမက်ပါ။