"သား ထည့်စားလေ သားကြိုက်တတ်တာတွေ ဒေါ်လေးချက်ထားပါတယ်""ဟုတ်ကဲ့ ဒေါ်လေး
ဒေါ်လေးလည်း စားပါ"ညစာထမင်းဝိုင်းလေးက စိုပြေအသက်ဝင်လှသည်။ ဟင်းလျာတို့ကလည်း စုံစုံစေ့စေ့ပါပင်။ ပုစွန်တုတ်ကို ဆီပြန်ချက်ပေးထားသော်လည်း အ,အီပြေစေရန် မရမ်းသီးထောင်းတစ်ခွက်ကိုလည်း ဒေါ်လေးက စီစဥ်ပေးထားသေးသည်။ ကျိုးချန်ကတော့ ထမင်းကိုသာ ငုံ့ကာစားနေသည်။ ဘာစကားသံမှထွက်မလာ။
"အကို ကျနော် ပုံတူပန်းချီတွေဆွဲတတ်နေပြီ
အဲ့တာ အကို့ကို ပထမဆုံးအနေနဲ့ တစ်ပုံဆွဲပေးမယ်လေ ဘယ်ပုံဆွဲပေးရမလဲ"တိတ်ဆိတ်နေသော ကျိုးချန်က ညစာစားခြင်းအမှုကို လက်စသပ်ကာ ဆိုလာတော့ ရုတ်တရက်ဘာပြန်ဖြေရမှန်းမသိသေး။ ပြီးတော့ ပုံတူဆွဲခိုင်းရအောင် သူ့မှာ ဓာတ်ပုံများများစားစားလည်း ရှိတာမဟုတ်ပါ။ ထို့ကြောင့် စဥ်းစားမိသည်က ဆေးရုံက ကောင်လေးငယ်ဖြစ်သည်။ ပုံတူခဲပန်းချီလေးလက်ဆောင်ရလျှင် အလေးထားခံရသဖြင့် သည်ကောင်လေး အနည်းငယ်တော့ပျော်ရွှင်နိုင်သည်။
"အကို့ပုံတော့ ဆွဲမပေးပါနဲ့ ကျိုးချန်ရယ်
ဒါပေမယ့် အကိုတာဝန်ယူထားရတဲ့ ဆေးရုံက လူနာကောင်လေးတစ်ယောက်ပုံကို ဆွဲပေးပါ့လား သူကလည်း မင်းလို ရောဂါဆန်ဆန်ဖြစ်နေတာဘဲ ကျိုးချန်"ကျိုးချန်မျက်ဝန်း၌ ဂရုဏာသက်ဟန်ပုံရိပ်တို့က ဖြတ်သန်းပြေးလွှားသည်။ သူလည်း တစ်ချိန်က ဝေဒနာရှင်ပေမို့ သနားစာနာစိတ်ဝင်သွားဟန်တူသည်။ ကျိုးချန်က ဘေးမှာချထားသည့် ဖန်ခွက်လေးထဲမှ ရေကိုသောက်ကာ ပါးစပ်ကို လက်သုတ်ပုဝါဖြင့်သုတ်လိုက်သည်။
"ဟုတ်ကဲ့ပါ အကို
ပြီးရင် သူ့ပုံ ကျနော့်ကို ပေးပါဦး
ပြီးတော့...အခါအခွင့်ကြုံရင် ကျနော် သူနဲ့ ခင်ခွင့်ရချင်ပါသေးတယ်""ဟုတ်ပြီ ကျိုးချန်
အကို မနက်ဖြန်မှ ဓာတ်ပုံရိုက်လာခဲ့ဦးမယ်
ခုတော့ မရှိသေးဘူး"ကျိုးချန်က ခေါင်းတစ်ချက်ညိမ့်ပြကာ သူ့စကားကို အသိအမှတ်ပြုသည်။ ပြီးနောက်
ထမင်းဝိုင်းမှထကာ အခန်းသို့ပြန်ဖို့ ပြင်သည်။
YOU ARE READING
Stars,Moon and Our Promises[Complete]
Fanfictionတစ်သက်တာလုံး မောင့်လက်မောင်းပေါ်ခေါင်းအုံးအိပ်ပြီး မောင်ပြောပြမယ့် မောင့်အသည်းဦးပန်းအပေါ် မောင်ထားတဲ့ချစ်ခြင်းမေတ္တာတွေရဲ့အကြောင်းကို နားဆင်ပြီး အိပ်မက်လှလှမက်ပါ။