Part-19(Unicode)

1.6K 111 15
                                    


ခန်းမရဲ့လျှောက်လမ်းမှာ အဝါရောင်canolaပန်းကြွေတွေဟာ တောက်ပစွာဘဲပြန့်ကျဲနေလေသည်။ လေတစ်ချက်ဝေ့လိုက်လေတိုင်း ခပ်သင်းသင်းပန်းရနံ့တွေက နှာသီးဖျားဝမှာ လာရောက်ကျီစယ်တတ်သည်။ ခပ်ကွေးကွေးပြုံးနေတဲ့နှုတ်ခမ်းပါးမှာ တစ်စုံတစ်ဦးအတွက် မကုန်ခမ်းနိုင်သောချစ်ခြင်းမေတ္တာတွေကို ဆွဲသီထားသည်။ အဖြူရောင်suitနဲ့ခန့်ညားနေတဲ့လူငယ်တစ်ဦးမှာ သိပ်ချစ်ရတဲ့အမျိုးသားငယ်လည်းရှိလေသည်။

ခန်းမတစ်ဖက်တစ်ချက်ဆီမှာ အဖြူရောင်နှင်းဆီတွေရှိပြီး အဓိပ္ပါယ်က ဖြူစင်စွာချစ်မြတ်နိုးခြင်းပင်ဖြစ်လေသည်။ တငြိမ့်ငြိမ့်ပေါ်ထွက်လာတဲ့ စန္ဒယားသံက နားစည်အတွင်းသို့ချိုမြိန်စွာဘဲဝင်ရောက်လာသည်။
ဂုဏ်သရေရှိလူကြီးမင်းအပေါင်းတို့ကလည်း ခန်းမအတွင်းရှိနေရာအသီးသီးမှာ နေရာယူကြလေပြီ။ မဂ်လာအချိန်ကျရောက်ပါတော့မည်။

"မောင်..."

နောက်ပါဆီကခေါ်သံလွင်လွင်လေးကြောင့် နဂိုပြုံးယောင်သမ်းနေတဲ့နှုတ်ခမ်းတွေက သိသိသာသာပင်ကွေးတက်သွားလေသည်။
ရယ်မြူးရိပ်သမ်းနေသည့်မျက်ဝန်းလှလှလေးနှင့် ပြုံးရောင်သမ်းနေသည့်နှုတ်ခမ်းပါးလေး။ သူ့လိုပင် အဖြူရောင်suitနဲ့အကြင်သူက ခံ့ညားတည်ကြည်နေပြန်သည်။ သို့တိုင်အောင် သူ့အတွက်တော့ဒီလူက ယုန်သူငယ်လေး။

"ဗျာ့...ဘာပြောစရာရှိလို့လဲ မောင့်အသည်းဦးပန်း"

"ဘာမှမဟုတ်ပါဘူး မောင်ရဲ့
မဂ်လာအချိန်ကျနေပြီလေ
ဟိုးမှာလူတွေတောင်စုံပြီ"

လက်ညှိုးညွှန်ကာပြောပြလာသည့်အသည်းဦးပန်းကို ကြည်နူးမှုအပြည့်ဖြင့်ကြည့်လိုက်သည်။ ဝမ်ရိပေါ်ဆိုတာ သည်လူ့လက်ညှိုးညွှန်ရာခစားမည့်ကောင်ပင်ဖြစ်လေသည်။ များမကြာမီအချိန်အတွင်းမှာ သည်အဖြူရောင်နှင်းလုံးလေးဟာ သူ့အပိုင်ဖြစ်လာတော့မည်။

"အွန်းပါ ဒါဆိုမောင်တို့သွားကြတော့မလား"

"အွန်း သွားမယ်"

သူ လက်ကမ်းပေးတော့ မတုံ့ဆိုင်းပါဘဲ ပြန်လည်ကမ်းလင့်လာသည့်လက်ဖဝါးဖြူလေးကို မတင်းမကျပ်ခပ်ဖွဖွဘဲဆုတ်ကိုင်လိုက်သည်။ သည်လက်ကလေးနှင့်သာဆိုရင် သံသရာကိုကြိမ်ဖန်များစွာဘဲကူးရကူးရ။

Stars,Moon and Our Promises[Complete]Where stories live. Discover now