Part-13(Unicode)

1.3K 103 0
                                    


အခန်းငယ်လေးထဲထွက်လာတဲ့အခါ တည်ငြိမ်ဟန်ဆောင်ထားတဲ့သူ့မျက်နှာက သေချာကြည့်လျှင်ပင်ပန်းဟန်ကိုတွေ့နိုင်သည်။ ပုံမှန်ခပ်ကြည်ကြည်မျက်ဝန်းတွေကလည်း ငိုထားရသဖြင့် ရဲရဲနီလို့...။ ခပ်တင်းတင်းဆုတ်ထားတဲ့လက်သီးဆုတ်တွေက တုန်ယင်နေသည်။ ခြေလှမ်းတွေက ဖြည်းဖြည်းမှန်မှန်မဟုတ်ပါဘဲ လေးလေးကန်ကန်ဖြစ်နေသည်။ ဒေါက်တာရှောင်းကျန့်ဆီမှာ သည်လိုနွမ်းလျနေတဲ့ပုံစံမြင်ရရိုးထုံးစံမရှိပါ။ သည်နေ့အတွက်ကတော့ သူဟာ ဒေါက်တာရှောင်းကျန့်မဟုတ်ခဲ့ပါဘူး။ သာမန်အသက်သုံးဆယ်အရွယ်လူလတ်တစ်ဦး သို့မဟုတ် ထိရှလွယ်တဲ့ရှောင်းကျန့်ပါဘဲ။

"ဒေါက်တာရှောင်းကျန့် ထွက်စာတင်ထားတယ်ဆို ဘာဖြစ်လို့လဲ"

ဆေးရုံရဲ့ထောင့်ချိုးလေးမှာ ဆေးရုံအုပ်နဲ့သူနဲ့ ဆုံမိသည်။ ဆေးရုံအုပ်က မယုံကြည်ဟန်မျက်ဝန်းတွေနှင့် သူ့ကိုမေးတော့ ရှောင်းကျန့်ပြုံးပြလိုက်သည်။

"နောက်အပတ်ဆိုရင်ဘဲ ကျနော်လက်ထပ်တော့မယ် ဆရာ အဲ့တာပြီးရင် အမေရိကကို ပညာတော်သင်သွားဖြစ်မှာမို့ပါ ဆရာ"

ဆေးရုံအုပ်က သူ့လက်မောင်းကို ခပ်ဖွဖွလာပုတ်သည်။

"ကျနော့်ကို မမေ့ပါနဲ့ဦး ဒေါက်တာရှောင်းကျန့် လက်ထပ်ပွဲကျရင်ဖိတ်စာပို့လိုက်ပါ ကျနော် ဆက်ဆက်လာခဲ့ပါ့မယ်"

"ဟုတ်ကဲ့ပါဆရာ ကျနော်ဖိတ်စာပို့လိုက်ပါ့မယ်"

ဆေးရုံအုပ်ကို ခပ်ဟဟရယ်ပြရင်း ဖြေလိုက်သည်။ ဆေးရုံအုပ်ကတော့ သူ့ကို ထွက်စာတင်စေချင်ဟန်မတူပါ။

"ဒီဆေးရုံကြီးကိုရော ကျနော့်ကိုရော ပြီးတော့...ဝမ်ရိပေါ်ကိုရော မေ့မသွားဖို့ ကျနော်မျှော်လင့်ပါတယ်"

ဆေးရုံအုပ်ရဲ့စကားကြောင့် သူခေါင်းက မသိမသာစိုက်ကျသွားသည်။ သေချာမတိတ်ခဲ့သေးသည့် မျက်ရည်တွေကို မျက်တောင်ဖြင့်ပုတ်ခတ်ဖယ်ရှားရင်း ဆေးရုံအုပ်ကို ပြုံးပြလိုက်သည်။

"အဟက်...သေချာတာပေါ့ ဆရာ
ဘယ်မေ့လိမ့်မလဲ"

ဘောင်းဘီအိတ်ထဲကို လက်ချောင်းသွယ်တွေကိုထိုးထည့်လိုက်ရင်း သူဖြေတော့ ဆေးရုံအုပ်က သူ့ကို ခပ်တွေတွေကြည့်သည်။
ဆေးရုံအုပ်ထံမှ သက်ပြင်းချသံသဲ့သဲ့ကို ရှောင်းကျန့်ကြားလိုက်သည်။

Stars,Moon and Our Promises[Complete]Where stories live. Discover now