Part-1

8.2K 305 3
                                    

"You call it madness, but I call it love.” – ...

အချိန်အားဖြင့် 2017ခုနှစ်...

ရာသီဥတုကချမ်းစိမ့်စိမ့်နဲ့ လူတစ်ယောက်ကို အိပ်ယာကမထနိုင်အောင် ညို့ယူလွန်းတယ်..။
ဆောင်းတွင်းဆိုတဲ့ရာသီဥတုက လူကိုထုံထိုင်းငေးငိုင်အောင် သိပ်လုပ်တတ်လွန်းတာ ..တစ်နေ့လုံး အိပ်ယာထဲမှာပဲကွေးနေချင်အောင်မျိုးပေါ့...

ဒါပေမယ့် ရိပေါ်ကတော့မနက်အစောကြီးထရတယ်..။

အကြောင်းအားဖြင့် ဆောင်းတွင်းမှာကျောင်းပိတ်ပေးတဲ့ ရိပေါ်တို့ရဲ့အထက်တန်းကျောင်း‌ပိတ်ရက်တွေမှာ မားမားရဲ့ဇာတိဖြစ်တဲ့နယ်မြို့လေးစီ သွားလည်ကြမှာပါပဲ...အိမ်စီးကားနဲ့ပဲ မိသားစုသုံးယောက်သွားကြမှာမို့လို့ နေမပူခင် ချမ်းစိမ့်စိမ့်အခြေအနေလေးမှာ သွားချင်သည်ဆိုတဲ့ မားမားရဲ့စကားကို ပါးကလိုက်လျောပေးတာကြောင့်ပဲ...

"အား၀မ်ရေ ထတော့လေ..."

"ဟင်...အင်း"

မနက်စောစောထရတဲ့အခါတွေဆို ရိပေါ်ကသိပ်စိတ်ညစ်မိတာအမှန်ပဲ...ညကဘယ်လောက်ထိအိပ်ပျော်သွားလဲမသိပေမယ့် ညနက်မှအိပ်ပျော်သွားခဲ့တာ လာနှိုးတော့လည်း ခရီးသွားဖို့ထရမယ်ဆိုတဲ့အကြောင်းကို သူမေ့နေတော့တာပဲ..

ဦးနှောက်ကသိပ်အလုပ်မလုပ်တော့တာလား။

"အား၀မ်ရယ် ထပါဆို နောက်ကျလိမ့်မယ် သားရယ်"

ဖင်ပုတ်ခေါင်းပုတ်နှိုးနေတဲ့မားကြောင့် သူ မထချင်ပဲထလိုက်ရတယ်။ မကြာခင် ပါးရဲ့ လုံးတုတ်နေတဲ့ကြိမ်လုံးက သူ့ခြေသလုံးကိုရောက်လာတော့မှာကို ကြိုသိနေလို့ပင်... ရေချိုးခန်းထဲကိုအိပ်ချင်မူးတူးနဲ့၀င်သွားပေမယ့် ဘာမှမလုပ်ရသေး အိမ်သာအဖုံး‌ပိတ်ထားတဲ့ပေါ်ကိုထိုင်လိုက်ကာ ဒူးနှစ်ဖက်‌ပေါ်ခေါင်းတင်ပြီး ငိုက်နေမိတယ်... ပုံပျက်ပန်းပျက် သဏ္ဌာန်မဖြစ်ဘူးဆိုရင်တော့ ခဏလေးမှေးတာပေါ့ ..။

ဆောင်းတွင်းရဲ့မနက်ခင်းမှာရေချိုးခဲ့တဲ့လူက အာဂသူရဲကောင်းဆို ရိပေါ်ကသူရဲကောင်းကြီးပဲ။ သူခုပဲ ရေချိုးပီးထွက်လာခဲ့တာ ရေနွေးနဲ့ပေါ့ ဒါပေမယ့် ဘယ်သူမဆို ရေအထိမခံတဲ့ချိန် သူကတော့ အသားတကျဖြစ်နေသလိုပါပဲ...

𝐖 𝐇 𝐎 𝐋 𝐄 .. [Cᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now