Part-12

1.2K 133 2
                                    

ဝေးနေတဲ့ရက်တွေအတွင်းမှာ နက်နဲနေသောဒဏ်ရာတွေက အနာဖေးတတ်လို့နေခဲ့ပြီ။ နေနိုင်သွားတာမဟုတ်ပေမယ့် နေတတ်အောင်နေခဲ့တာ
ရင်နင့်အောင်ချစ်တဲ့လူတယောက်ကို မေ့နိုင်သွားတာတော့ဘယ်ဟုတ်ပါ့မလဲ...သိပ်ချစ်ခဲ့တာလေ။

"ရိပေါ် လောင်ရှီးကခေါ်ခိုင်းလိုက်တယ်"

"အာ..အေး"

"ဘာတွေများတွေးနေတာလဲ"

"ဒီအတိုင်းပါပဲ"

အက ကတာရပ်ပြီး ခဏနားနေတဲ့အချိန် တွေးမိသွားရာက ထိုတစ်ယောက်စီဖြစ်နေမှ စုန့်လန်လာခေါ်တာကြောင့် အတွေးထဲက ရုန်းထွက်လိုက်ရသည်။ ရှောင်းကျန့်နဲ့ဆို သတိလက်လွတ်တွေသိပ်ဖြစ်တာ...

ဟောကျယ်ကြီးထဲလျှောက်နေရင်း ကခန်းတွေရဲ့ထောင့်စွန်းခန်းဖြစ်တဲ့ လောင်ရှီးရဲ့ရုံးခန်းထဲရောက်တော့ အပြုံးရေးရေးလေးပြုံးထားတဲ့လောင်ရှီးက စိတ်ချမ်းသာစရာတစ်ခုခုများရှိနေသလို...။

စာရွက်တွေထဲခေါင်းငုံ့နေတဲ့ လောင်ရှီးကြောင့် ရိပေါ်ကပဲ စတင်ပြီး စကားစလိုက်ရတယ်။ စခေါ်တာလောင်ရှီးပေမယ့် လေးစားသမှုအရ ရိပေါ်က အစပျိုးရတာပေါ့။

"ကျွန်တော့်ကိုခေါ်တယ်ဆို လောင်ရှီး"

"လာ ထိုင် ရိပေါ်"

"ဟုတ်ကဲ့"

ရှေ့တည့်တည့်ခုံရှေ့မှာ၀င်ထိုင်လိုက်တော့ လောင်ရှီးက စားပွဲ‌ပေါ်ရှိ ရူပ်ပွနေတဲ့ စာရွက်တချို့ကိုပိတ်လိုက်ပြီး ထောင့်ကပ်လိုက်သည်။

"သတင်းကောင်းတစ်ခုရှိတယ်"

"ဟုတ်"

"အပြည်ပြည်ဆိုင်ရာ အကပြိုင်ပွဲကြီးရှိတယ်"

"အဲ့တာ Los Angelesကိုသွားရမယ်"

"ခေါင်းဆောင်ဖြစ်တဲ့ရိပေါ်ကပဲ လိုက်ပါရမယ့် သူတွေကို battleပြိုင်ခိုင်းပြီး ရွေးချယ်လိုက်ပါ"

"ဘယ်နေ့လောက်သွားရမှာလဲ လောင်ရှီး"

"နောက်လလောက်ပေါ့"

"ဟုတ်"

"ဒီလောက်ပဲ ကြိုတင်ပြင်ဆင်ထားကြတော့"

𝐖 𝐇 𝐎 𝐋 𝐄 .. [Cᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now