Part-3

1.9K 193 3
                                    

"၀မ်ရိပေါ်တဲ့...အား..."

ဧည့်ခန်းထဲရှိသမျှပစ္စည်းမှန်သမျှကိုပေါက်ကွဲပစ်လိုက်သည်။ လွန်ခဲ့တဲ့သုံးနှစ်ကမှသေသွားခဲ့တဲ့ သူ့ရည်းစား၀မ်ရိပေါ်နဲ့ခုနက၀မ်ရိပေါ်ဆိုသည့်ကောင်လေးမှာတစ်ထေရာတည်းအပြင် နာမည်ကအစထပ်တူကျနေခဲ့သည်။ မျက်စိရှေ့မှာပဲ သေသွားခဲ့တဲ့ ၀မ်ကပြန်ပြီးအသက်ရှင်လာတာလား..
မဖြစ်နိုင်တာ...၀မ်ကသေသွားပြီမဟုတ်လား...။

နာမည်တူလူမရှားတဲ့...။

သုံးနှစ်လုံးလုံးရူးသွားမလိုဖြစ်ခဲ့ပြီး အနည်ထိုင်နေတဲ့ခံစားချက်တွေက ခုမှထပ်ပြီးတစခန်းထလာပြန်သည်...လောကကြီးကသူ့ကိုရူးသွားစေချင်တယ်ထင်တယ်...။ မကျဖြစ်တာကြာတဲ့မျက်ရည်တွေကလည်း မဖိတ်ခေါ်ပဲ အလိုလိုကျလာတဲ့ပြန်တယ်။

၀မ်က သိပ်ဆိုးလွန်းတယ်...။

သတိတွေရအောင်သိပ်လုပ်တတ်တာပဲကွယ်...။

ပြန်ဝင်စားရအောင်လည်း ဒီကောင်လေးက ၀မ်မသေခင်ထဲက လူ့လောကထဲ‌ရောက်ရှိနေပြီးသားဖြစ်လောက်မည်။ ဒီရက်တွေအတွင်း ပန်းချီထဲမှာပဲ အာရုံစိုက်ထားမိတဲ့ ရှောင်းကျန့်က အစားအသောက် အိပ်တာကအစ အချိန်မပေးနိုင်ခဲ့...ဒီနေ့ကျမှ မထင်မှတ်ထားတာတွေဖြစ်သွားတဲ့အခါ လွန်ခဲ့တဲ့ရက်တွေထဲက ဂရုမစိုက်တာတွေက သတိလစ်ခြင်းရလဒ်ကိုထွက်ပေါ်လာစေသည်။

"ပင်ပန်းလိုက်တာ...ငါ့ကိုခေါ်သွားပါလား ၀မ်ရယ်"

ပစ္စည်းတွေကိုတွန်းလှဲချပြီး ဧည့်ခန်းထဲမှာမရှိမဖြစ် ရှိသင့်သည်ဟု ၀မ် ပြောခဲ့လို့ ၀ယ်ထည့်ထားတဲ့ ပန်းအိုးတွေက သူ့ဒေါသကြောင့် ကွဲကြေခဲ့တာအစိတ်စိတ်အမွှာမွှာပဲ.. ဖန်ကွဲစတွေက လာစင်‌တဲ့အခါ လက်ခုံတွေမှာ ရှရာတွေနဲ့...

ချစ်ရသူမှာကြားခဲ့တဲ့စကားတွေကို နားမထောင်စွာ ရေပန်းအောက်မှာ အပူတွေပျောက်လိုပျောက်ငြားထိုင်မိပြန်တယ်။ မျက်ရည်တွေက ရေနဲ့အတူ ပါသွားတဲ့အခါ နည်းနည်းတော့ နာကျင်မှုတွေလျော့သွားသယောင်...။

"ထတော့လေ ရှောင်း... အအေးမိပြီးဖျားလိမ့်မယ် ဒီလိုအိပ်နေရင်"

𝐖 𝐇 𝐎 𝐋 𝐄 .. [Cᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now