Part-7

1.3K 141 3
                                    

ကျန့်ကောရဲ့တစ်နေရာကိုခေါ်သွားစရာရှိတယ်ဆိုတဲ့စကားက ရိပေါ့်အတွက် အစောကြီးပြင်ဆင်ထားဖို့လုံလောက်စေတယ်။ ဘယ်နေရာဖြစ်ဖြစ် ကောနဲ့တူတူသွားရဖို့ဆိုရင် ရိပေါ်ကတက်ကြွနေရောပဲ...အဲ့နေ့ကျရင်၀တ်သွားမယ့် အကျီကအစ ရွေးပြီးတဲ့အခါမှာတော့ မသွားတော့ဘူးဆိုတဲ့စကားက ရင်ထဲကို မြှားအစင်းပေါင်းများစွာ ပစ်ခွင်းလိုက်သလိုပဲ...။

သိပ်နာပေမယ့်လည်း ကောကိုထုတ်မပြချင်ဘူး။

"ကော"

"ဟင် အား၀မ်"

အသားခပ်ညိုညိုရှိကာ မျက်နှာက တည်တံ့ပြီး နှာတံပေါ်ပေါ်နဲ့ထိုလူက အရပ်ကလည်းမြင့်မြင့်မားမား..၀တ်ထားသည့်ပုံစံကခုမှခရီးကပြန်ရောက်သလို ကျန့်ကောနဲ့တရင်းတနှီးစကား‌ပြောနေပုံအရ တစ်ခုခုပတ်သတ်လိမ့်မည်ဆိုတာ အတပ်မပြောလည်း ခန့်မှန်းလို့ရနိုင်သည်။

မသွားတော့ဘူးဆိုတာကိုဖုန်းဆက်ပြီးပဲ ကောကပြောလာပေမယ့် ရိပေါ်က ကောရဲ့အိမ်ကိုရောက်ပီးသားပဲ....အိမ်၀မှာ စကားရပ်ပြောနေတဲ့ကောက သူ့ခေါ်သံကြောင့် ကြည့်လာကာ အာမေဍိတ်အသံနဲ့အတူ သူ့အတွက် ခေါ်သည့် အား၀မ်ဆိုတဲ့နာမ်စား ..ထို့အတူ ကောနဲ့စကားပြောနေသည့်‌လူကပါ သူ့ကိုကြည့်လာသည်။

"နေမကောင်းဖြစ်နေလို့ မသွားတော့တာလားဟင်"

"ကော နေကောင်းပါတယ်"

"ဒါဆို ဘာလို့"

"ကော သူငယ်ချင်းရောက်နေလို့ပါ"

"နာမည်ကရော"

ရှေ့ကလူကို ရူ့တည်ကြည့်ရင်းမေးလိုက်တော့ ကောကတော့ ဘာမှမပြောပေမယ့် ရှေ့ကလူကတော့ ကိုယ့်ဘက်လှည့်ကြည့်ရင်း လှုပ်လှုပ်ရှားရှားဖြစ်လာကာ ပင်လယ်ဓားမြလိုမျိုးတပ်ထားတဲ့ ဦးထုပ်ကြီးကိုချွတ်လိုက်ကာ သူ့နာမည်နဲ့အတူ မိတ်ဆက်လာသည်။

"ကျန်းချန်ပါ တွေ့ရတာ၀မ်းသားပါတယ်"

လက်ကိုကမ်းပြီးနှုတ်ဆက်လာတာကြောင့် ပြန်ကိုင်လိုက်ပြီး သွားမပါသောအပြုံးနဲ့...

"ကျွန်တော့်နာမည် ၀မ်ရိပေါ်"

"ဟင်"

ကြားလိုက်ရတဲ့နာမည်က မမှားအောင်လို့ကောင်လေးက တစ်လုံးချင်းဖိပြောနေသည်။ သေချာ‌တာတော့ ကျန့်းချန်မမှားပါ။တစုံတစ်ယောက်နဲ့တူနေတဲ့နာမည်နဲ့အတူ ရုပ်ခန္ဓာကအစ တသွေမတိမ်းတူလွန်းလှသည်။ လွန်ခဲ့တဲ့ 3နှစ်ကလူက ကိုယ့်ရှေ့တည့်တည့်ပြန်ပြီး ရှင်သန်နေသလိုပဲ....။

𝐖 𝐇 𝐎 𝐋 𝐄 .. [Cᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now