ရှောင်းကျန့်က ရိပေါ့်ကိုချစ်ပါတယ်တဲ့..
ပြဿနာတွေပြီးတဲ့အခါ အချစ်တွေပြန်လည်ဖြစ်ပေါ်ဖို့ထိုက်တန်ပါတယ်..ရှောင်းကျန့်တို့ချစ်နေကြပြီ။ LAရဲ့ညနေရူခင်းကို တစ်စုံတယောက်ကိုရင်ခွင်ထဲထည့်ပြီးကြည့်နေရတာလောက် ပျော်ဖို့မကောင်းလောက်ဘူး...။
"ကျွန်တော် ဒီကိုဘာလို့လာလဲ ကောမမေးသေးဘူး"
"အကြောင်းရှိလို့ပါ"
ရင်ခွင်ထဲက ခေါင်းလုံးလုံးလေးက သူ့ကိုမော့ကြည့်ပြီးဖြေလာတယ်။ အဖြေရပြီးနောက်ပိုင်း ကောက ရိပေါ့်ကိုသိပ်ချွဲလာတ
ယ်။"အင်း ပြိုင်ပွဲရှိလို့ ကောကရော"
"ပြခန်းကိစ္စအတွက် ဒီကိုရောက်နေတာ"
"ကောကောက နာမည်ကျော်ကြီးဖြစ်နေပြီပဲ"
"အဲ့လောက်မဟုတ်သေးပါဘူးကွယ်"။
စကားစုတစ်စုရဲ့အဆုံးသတ်တွေမှာ 'ကွယ်'ဆိုတဲ့စကားလေးတွေသုံးတဲ့ကောက အဖိုးအိုသေးသေးလေးလိုပဲ...သူ့မှာချစ်ရလွန်းပါသည်။
"ဘာစားစရာရှိလဲ"
"ကော ရိက္ခာတော့၀ယ်ထားတယ်"
"ကျွန်တော်သွားကြည့်လိုက်မယ်"
အခုရိပေါ်က ကျန့်ကောရဲ့LAမှာခဏငှားနေတဲ့အိမ်လေးကိုရောက်နေတာပင်...အဖြေရပြီးတည်းက ကောအနားမှာခွဲမနေချင်တဲ့သူက ပိုပြန်ပြီလို့ ကောစီကနေလည်းအပြောခံရသေးသည်။
ရေခဲသေတ္တာထဲကိုဖွင့်ကြည့်တဲ့အခါ ကြက်ဥတစ်ကဒ်နဲ့ အသားပြားအနည်းငယ်...နံနံပင်တစ်စည်းအပါအ၀င် အရွက်အနည်းငယ်တော့ရှိသည်။ မှန်ဗီရိုလေးကိုမျက်လုံးရောက်မိတော့ ကောနဲ့သူဟယ်လင်မှာစားနေကြ ရယ်ဒီမိတ်ခေါက်ဆွဲထုတ်လေးတွေ၀ယ်ထားတာ သုံးထုပ်လောက်ရှိမည်။
ကော်ဗီဘူးတွေတော့၀ယ်ထားပုံရသည်။အများကြီး ပြီးရင် ဆုံးမရပါဦးမည်။ ကော်ဖီတွေအများကြီးမသောက်ဖို့..."ကော အသားပြားကြော်လိုက်မယ် အား၀မ်"
ရင်းနှီးနေတဲ့အသုံးအနှုန်းလေး ခေါ်လိုက်တဲ့ကောကြောင့် သူ့မှာပျော်ရသည်။
YOU ARE READING
𝐖 𝐇 𝐎 𝐋 𝐄 .. [Cᴏᴍᴘʟᴇᴛᴇᴅ]
FanfictionThey first met in the small town of Helen Some of the lyrics in it burn your heart ⚠︎All the pictures in the story copy in pinterest [BJYX Fanfiction] This fic is Yizhan..