Part-6

1.4K 164 4
                                    

မားမားရဲ့ဇာတိမြို့ဖြစ်တဲ့ဟယ်လင်သို့ တတိယတစ်ခေါက်ရောက်ဖြစ်တဲ့အခါမှာ‌တော့ ကျန့်ကောနဲ့ရိပေါ်ရဲ့ဆက်ဆံရေးတွေက တိုးတက်မလာခဲ့ပါဘူး။ အနေစိမ်းသွားခဲ့တာလား ဒါမှမဟုတ် တစ်စုံတစ်ယောက်ပဲ ဝေးအောင်ပိုနေနေတာလားဆိုတာကို သိသောသူပဲသိလိမ့်မည်...။

ငေးကြည့်နေရတာကိုနှစ်နှစ်သက်သက် စွဲလန်းလာတဲ့ရိပေါ်က နှစ်နှစ်အကြာ ပြန်လာလည်တဲ့အခါမှာလည်း ကျန့်ကောကို တစိမ့်စိမ့်လေး ဘေးနားက ငေးတတ်တယ်...။

ရိပေါ်အတွက် လာလည်တဲ့အခါကြားလိုက်ရတဲ့သတင်းက သတင်းကောင်းလေးတစ်ခုပဲ။ ကျန့်ကောရဲ့ပန်းချီတွေကို နိုင်ငံခြားသားတွေက သိပ်သဘောကျကြတယ်တဲ့...ပြခန်းတွေနဲ့တောင် ပြသထားကြမယ်ဆိုပဲ။ ဒါပေမယ့် တစ်ခုတော့ရှိတယ် ပန်းချီရဲ့ ပဲ့ကိုင်ရှင်ကတော့ ပွဲတွေကို တက်ရောက်ပေးရမယ်တဲ့ စရိတ်ကအစအကုန်ပံ့ပိုးပြီး လာခဲ့ဖို့ဖိတ်ခေါ်ကြတယ်။

ဒါကိုရိပေါ် သိပ်စိတ်တိုင်းမကျချင်ဘူး...

"ကော..."

"ဟင်"

ပန်းချီဆွဲနေရင်း ထူးလာတဲ့ကောက ပါးမှာလည်း လက်ရှိဆွဲနေတဲ့ပန်းချီကားရဲ့ ဆေးဝါဝါလေးတစွန်းတစပေလို့.. ခုံပေါ်မှာတင်ထားတဲ့တစ်သျှးဘူးထဲက တစ်သျှူးတစ်ရွက်ကို ရိပေါ်က ကျန့်ကောနားမသွားခင် ယူလိုက်ပြီး ဘောင်းဘီအိတ်ထဲကောက်ထည့်လိုက်သည်။

"ခရီးတွေသွားရမှာပေါ့နော်"

"လိုပါသေးတယ်"

"ကောကသွားချင်တာလား"

ကောဘေးနားကထိုင်ခုံအသေးလေးမှာထိုင်ရင်း ခွေးပေါက်လေးလို ချွဲနေမိတယ်။ ဘာမှန်းမသိတဲ့ဆက်ဆံရေးတွေကို ရိပေါ်က သိပ်သဘောကျတယ်။ ကျန့်ကောရဲ့ ညီတစ်ယောက်လိုသဘောထား‌တာမျိူးကိုသူ‌သဘောမကျဘူး...။

တချို့မေတ္တာတွေက ရောင်ပြန်မဟပ်ဘူး..

သူ့မေတ္တာတွေ သိပ်စစ်တာလည်း ရိပေါ်ပဲသိတယ်။ ဒါပေမယ့် အပြန်အလှန်မရှိတဲ့မေတ္တာတွေပါပဲ...။

"သူတို့ကဖိတ်လို့လေ"

"ကော မသွားရင် ရတာကို"

𝐖 𝐇 𝐎 𝐋 𝐄 .. [Cᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now