"မသောက်နိုင်ရင် မသောက်နဲ့တော့ ငကျန့်ရ"
"မသောက်နိုင်စရာအကြောင်းကိုမရှိဘူး"
ဘီယာတစ်ဖာ၀ယ်လာပြီး အပြတ်ထိုင်သောက်နေကာ နှစ်ချို့အပြင်းစားအရက်တချို့နဲ့ပါ ရောပြီးသောက်နေတာကြောင့် ကျန်းချန်ခဗျာ တားနေရတော့သည်။ အဲ့လောက်ထိ ရှောင်းကျန့်ကသောက်ဖူးခဲ့တာမဟုတ်။ ဒီနှစ်တွေအတွင်းမှာလည်း ပွဲတချို့တက်ရတယ်ဆိုပေမယ့် ဝိုင်လောက်ပဲသောက်ပြီး ဆင်ခြင်နေခဲ့တာ သူအသိဆုံးပဲ....။
ဒီနေ့ကျမှ အသည်းကွဲနေတဲ့လူလို လာသောက်ပြနေတဲ့ကောင် ...
"ဘာတွေဖြစ်ခဲ့တာလည်း"
အရက်ရှိန်ကြောင့် တကိုယ်လုံးနီရဲနေပြီး မျက်လုံးမှေးစင်းနေကာ အရက်ခွက်ကိုလည်းလက်ကမချသေး...တချိန်က ၀မ်သာ ဒီပုံစံလေးကိုမြင်ရင် သိပ်အသဲယားမိမှာအသေအချာပါပဲ။ တွေးမိသွားပြန်တော့လည်း မျက်လုံးထဲမှာ အရည်ကြည်တွေတတ်လာသည်။
"ငါ...အေ့ ရိပေါ်..ကိုတွေ့ခဲ့တယ်"
"ဟင်"
သောက်နေတဲ့အရက်ခွက်တောင် ချမိသွားသည်။ သူနားကြားမှားတာမဟုတ်ပေမယ့် တိုက်တိုက်ဆိုင်ဆိုင်ကို ရိပေါ်နဲ့တွေ့ခဲ့သည်တဲ့လား...။
"ငါမရှိရင် သူ့ဘ၀ကတကယ်ကိုအေးချမ်းနေတာ"
"သိပ်လှတဲ့မိန်းကလေးတစ်ယောက်နဲ့တောင် နှစ်ကိုယ်တူဘဝကိုတည်ဆောက်နေကြပြီ"
"ဘာ!!!"
ဘာတွေဖြစ်ခဲ့တာလဲ ရှောင်းကျန့်ရယ်...ဘယ်လိုလို့ ရိပေါ်က နောက်တစ်ယောက်ရသွားတာလဲ...သူမင်းကိုသိပ်ချစ်တာလေ။
"အိပ်တော့မယ်"
"အေးအေး ငါလိုက်ပို့မယ်"
ဂလောက်...
အသံတစ်ခုကြားလိုက်ရတာကြောင့် ကြည့်လိုက်တော့ ရှောင်းကျန့်ရဲ့ဘောင်းဘီအိတ်ထဲက ကျလာတဲ့ ဆေးဗူးအလတ်စားလေး ..
နှလုံးအောင့်ရင် သောက်တဲ့ဆေးတွေ...
"ရှောင်းကျန့်"
"ပြော"
"ဘာတွေလုပ်နေတာလဲ မင်းဘာတွေဖြစ်နေတာလဲ"
YOU ARE READING
𝐖 𝐇 𝐎 𝐋 𝐄 .. [Cᴏᴍᴘʟᴇᴛᴇᴅ]
FanfictionThey first met in the small town of Helen Some of the lyrics in it burn your heart ⚠︎All the pictures in the story copy in pinterest [BJYX Fanfiction] This fic is Yizhan..