Part-16

1.3K 140 3
                                    

သိပ်လှတဲ့အစားထိုးခြင်းဆိုတဲ့
ပုံပြင်တစ်ပုဒ်ကို အိမ်မက်မက်တယ်။

ဖန်တီးသူက နတ်ဘုရားဖြစ်နေတဲ့အခါ
ဘာများ...ခွန်းတုံ့ပြန်နိုင်ပါ့မလဲ။

"ထတော့ ရိပေါ် ရောက်ခါနီးပြီ"

စုန့်လန်ရဲ့ဘေးနားကပ်ပြောတဲ့အော်သံတိုးတိုးလေးမှာ အအိပ်ဆတ်တဲ့ရိပေါ်ကနိုးလာတယ်။

သူအိမ်မက်တွေမက်နေတာပဲ...။

အိမ်မက်မက်ခဲလွန်းတဲ့ရိပေါ်က သက်တောင့်သက်သာမရှိတဲ့ လေယာဉ်ပေါ်မှာ အိပ်ရင်းနဲ့ အိမ်မက်‌မက်တယ်တဲ့...ခေါင်းစဉ်သိပ်လှတဲ့အိမ်မက်ကသူအပြင်လောကမှာ ဖြစ်စေချင်တဲ့ ပြဇာတ်တစ်ခု...

လှပသော အစားထိုးခြင်းတဲ့...

"အင်း ခေါင်းမကြည်လို့ ခဏလောက်မှေးလိုက်ဦးမယ်"

အမှန်တော့ ခုနက သိပ်လှတဲ့အိမ်မက်များ ပြန်အစဖော်လို့ရမလားဆိုတာကို စမ်းသပ်ချင်လို့ပါပဲ...ပြတင်းပေါက်ဘက်မျက်နှာစောင်းရင်း တိမ်စိုင်ဖြူဖြူတွေကို ငေးကြည့်နေမိတဲ့အခါ ကော၀တ်တတ်တဲ့ စွယ်တာဖြူဖြူတွေကိုသတိရမိတော့တာပဲ...

ဆိုးတယ်...ရှောင်းကျန့်က သိပ်ဆိုးပါတယ်...
အမြဲတွေသတိရ‌အောင်သိပ်လုပ်တတ်လွန်းတာ

Los Angelesရဲ့လေဆိပ်ကတခမ်းတနားပါပဲ...
ပြခန်းအတွက်ဆက်သွယ်ထားတဲ့လူက ကားလွှတ်ပေးပြီး လာကြိုပေးတဲ့အခါ သူကကားပေါ် ၀င်ထိုင်လိုက်ရုံပဲ ..။ အဖွဲ့လိုက်တွေဖြစ်တဲ့ရိပေါ်တို့က လူစုမကွဲအောင် လူစုံအောင်က စောင့်နေရသေးတယ်။

ကျောင်းကစီစဉ်ပေးတဲ့ busလိုကားမျိုးရောက်တဲ့အခါ အားလုံးကို နေရာတကျ စီစဉ်ပေး အထုပ်တွေဘာတွေထည့်ပြီးမှ သူတို့တက်ရတယ်။ hotelရောက်တော့ အားလုံးကနုံးနေကြပြီ။ အခန်းသော့တွေမြန်မြန်ဝေပေးကာ သူနဲ့စုန့်လန်လည်း ကိုယ်ကျတဲ့အခန်း လိုက်ရှာရတယ်။

"ဒီနေ့တော့နားလိုက်မလား"

"မင်းနားချင်နားလေ ငါကလောင်ရှီးတွေခိုင်းတဲ့လူနဲ့သွားတွေ့ရမှာ"

အိပ်ရာပေါ်လှဲနေတဲ့ စုန့်လန်က ရေချိုးနေတဲ့ရိပေါ့်ကိုအခန်းပြင်မှအော်နေတာဖြစ်သည်။ အဲ့ကောင်ကတော့ အပြင်ရောက်မှပြောလည်းရတာကို။
LAရောက်တာနဲ့အလုပ်တွေကတပုံတပင်ကြီး ခေါင်းဆောင်ဖြစ်သည့်အလျှောက် တာ၀န်အားလုံး လောင်ရှီးကအကုန်ပေးလိုက်တာ..သူကျတော့လိုက်မလာဘူးလို့ ရိပေါ်စိတ်ထဲက ခပ်ချဉ်ချဉ်တွေးမိသေးတယ်။

𝐖 𝐇 𝐎 𝐋 𝐄 .. [Cᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now