"အဆင်ပြေရဲ့လား"
ဒီမေးခွန်းကို တမင်သက်သက်မေးတာများလားလို့ သူမေးကြည့်ချင်သည်။ သိရဲ့သားနဲ့လေ...ဒီနှစ်တွေအတွင်းမှာ သူရိပေါ့်ကိုချစ်ဖို့ ဘာတွေလုပ်ခဲ့ရလဲဆိုတာ ဘယ်သူမှမှမသိခဲ့တာ..တချို့မေးခွန်းတွေက မေးခွန်းသက်သက်ပေမယ့် တိုက်ဆိုင်နေသူအတွက် အစိုင်အခဲကြီးတစ်ခုလိုပဲ....။
"ပြေပါတယ် အား၀မ်ရော"
"မြင်တဲ့အတိုင်းပါပဲဗျာ"
"အင်း"
မလိုချင်ဘူး..တိတ်ဆိတ်သွားတဲ့လေထုတွေကို သူအလိုမရှိဘူး...မဟုတ်ရင် သူ့ဘေးနားကနေ ကောကထပ်ထွက်သွားဦးမှာ။ ကော်ဖီတွေကိုမသောက်ချင်ဘူး ကောကိုထိုင်ကြည့်ချင်တယ်။ ကျွန်တော်နေကောင်းသွားပြီ...တရိပ်ရိပ်တက်နေတဲ့ကိုယ်ငွေ့တွေကိုညာပြီးတော့ပေါ့...။
"နေမကောင်းဘူးလား အား၀မ်"
"ဟင် ကောင်း..ကောင်းပါတယ်"
ငေးကြည့်နေမိလို့ မသိလိုက်တဲ့မေးခွန်းတွေ..ကောရှေ့ရောက်ရင် သူကမုသားတွေကိုမသုံးချင်ဘူး။ ဒါကြောင့်လည်းစကားတွေကအထစ်ထစ်အအတွေဖြစ်ရတာပါပဲ...
"ကော..."
အထိအတွေ့တစ်ခုပဲ...နဖူးပေါ်ကိုရောက်လာတဲ့လက်နွေးနွေးလေး။ ရှေ့ကသိပ်မပူတော့တဲ့ကော်ဖီခွက်ကိုတင်းနေအောင်ဆုပ်ကိုင်ထားမိတယ်။ အဖျားပိုတက်လာသလိုပဲ...။
မလိမ်တတ်ပဲနဲ့လိမ်ချင်တဲ့အား၀မ်က စကားတွေတောင်ထစ်အလို့...ဖျားနေမှန်းသိသွာစွာ ကိုယ်ငွေ့တွေက သူ့ကိုတောင် လာရိုက်ခတ်လို့နေပြီ။ တစွန်းတစသတ္တိအချို့နဲ့ ပိုင်ရှင်ကိုခွင့်မတောင်းပဲ နဖူးပေါ်လက်တင်မိလိုက်သည်။
ရှောင်းကျန့်ကသိပ်ဆိုးပါတယ်..
အသားကိုင်မှုနဲ့ တရားစွဲပစ်ချင်တယ်..
အပြစ်ဒဏ်ကတော့ ရိပေါ့်ရဲ့ ရင်ခွင်လောင်းရိပ်ထဲ ကောင်းကောင်းခိုနားပါပေါ့..."မင်းကောင်မလေးနဲ့အဆင်ပြေရဲ့လား"
"ပြေပါတယ်"
"LAရောက်တာကြာပီလား"
"ကောနဲ့တွေ့တဲ့နေ့က ကျွန်တော်ပထမဆုံး LAရောက်တဲ့နေ့"
YOU ARE READING
𝐖 𝐇 𝐎 𝐋 𝐄 .. [Cᴏᴍᴘʟᴇᴛᴇᴅ]
Fiksi PenggemarThey first met in the small town of Helen Some of the lyrics in it burn your heart ⚠︎All the pictures in the story copy in pinterest [BJYX Fanfiction] This fic is Yizhan..