အထက်တန်း နောက်ဆုံးနှစ်ဖြစ်သည့်အတွက် ရိပေါ်တို့သူငယ်ချင်းသုံးယောက်မှာ စာအုပ်ပုံထဲက ခေါင်းမထွက်ရသေး.. ရိပေါ့်အိမ်မှာ စာစု လုပ်ကြတာကြောင့် ညဆိုရင်အခန်းထဲမှာ စားစရာသောက်စရာများအပြည့်...စာတော်တဲ့ကျောင်းသားတွေဆိုပေမယ့် နောက်ဆုံးနှစ်ဆိုတော့ စာတွေက ကျက်လိုက်မေ့လိုက်ပင် ..။
"သားရေ မား၀င်လာမယ်နော်"
"ဟုတ် မား"
မားမားက၀င်လာတော့ လက်ထဲမှာဗန်းကြီးတစ်ခုနဲ့ ဗန်းထဲမှာ အိပ်မပျော်အောင် ကော်ဖီမုန့် ဆေးဘာညာ ပြီးတော့ထမင်းလိပ်တွေကိုလိပ်ပြီး လာတင်ပေးသွားတယ်။ ရိပေါ်ကတော့ညဘက်ဆာ့လေမရှိပေမယ့် မားမား၀င်လာထဲက သရေတမြှားမြှားကျနေသော ဟိုကောင်တွေကို ဆန္ဒကို သိက္ခာနဲ့ထိန်းပါဟု လှမ်းပြောရသည့်အဖြစ်။
"ဟျောင့် ရိပေါ် မင်းရဲ့ကောဆိုလား"
"အေး ဘာဖြစ်လဲ"
"သူနဲ့ရော အဆက်အသွယ်ရှိသေးလား"
"ရှိတော့ရှိတယ် ကောဖုန်းနံပါတ်ပေးထားတယ်လေ"
"မင်း ကြိုက်နေတာလား"
"ဟမ်"
"မင်းရဲ့ကျန့်ကောအကြောင်းပြောတိုင်း မျက်လုံးတွေက ငါတို့စိန်ဆိုင်ရောက်သွားသလိုပဲ"
ကျိရန်ကပါ၀င်ပြောလာတာကြောင့် ရိပေါ်လက်ထဲက ပိုက်ထားသည့်ခေါင်းအုံးနဲ့နှစ်ကောင်လုံးကိုပြေးရိုက်လိုက်သည်။ ဟိုနှစ်ကောင်ကလည်ူ အားကျမခံပြန်ရိုက်သည်။ စာမကျက်ပဲ ခေါင်းအုံးတိုက်ပွဲဖြစ်သွားပြီးမှ အမောဖြေပြီး အိပ်ယာပေါ်မှာခေါင်းချင်းဆိုင်ပြီး သုံးယောက်သားလှဲလိုက်ကြသည်။
"ချစ်သွားတာလား ရိပေါ်"
"ကောကိုလား"
"အေး"
"ချစ်တယ်လို့တော့ပြောမရသေးဘူး"
"ဘာလို့လဲ"
"မသေချာမရေရာတဲ့ ခံစားချက်တွေကြားမှာ အချစ်လို့ခေါင်းစဉ်မတပ်ချင်သေးဘူး"
"ကောအတွက် ခံစားချက်က လေးနက်မှုရှိမရှိ ငါ ဆန်းစစ်ရအုံးမယ်"
YOU ARE READING
𝐖 𝐇 𝐎 𝐋 𝐄 .. [Cᴏᴍᴘʟᴇᴛᴇᴅ]
Fiksi PenggemarThey first met in the small town of Helen Some of the lyrics in it burn your heart ⚠︎All the pictures in the story copy in pinterest [BJYX Fanfiction] This fic is Yizhan..