ကျန့်ကောရဲ့အိမ်ကိုရောက်ပြီး နောက်ရက်တွေမှာတော့ ကမ်းခြေဘက်မှာ သွားရှာရင် အမြဲလိုလိုတွေ့နိုင်သည့် စုတ်ချက်တွေညီညာတဲ့ပန်းချီကားတစ်ချပ်နဲ့ ကော....တခါတရံ ကောင်းကင်ပေါ်ကိုအကြောင်းမဲ့ငေးကြည့်နေတတ်သည်။ သူကတော့ ကောကိုငေးတာပေါ့။ ရိပေါ်တို့လိုအထက်တန်းကျောင်းသားတော်တော်များများက ရည်းစားတွေနဲ့ လူပျိုဖော်၀င်စဖြစ်လာတဲ့အရွယ်မှာတခုခုကိုလက်တည့်စမ်းချင်တာသဘာ၀ပဲမဟုတ်လား။ ဒီလက်တည့်စမ်းမှုက ရည်းစားထားတယ်ဆိုတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။
"ကျောင်းမှာတော်တော်များများကရည်းစားတွေနဲ့"
"အား၀မ်ရောထားချင်လို့လား"
ကျန့်ကောနဲ့သူနဲ့ရဲ့ဆက်ဆံရေးတွေက ဒီရက်တွေအတွင်းသိသိသာသာတိုးတက်လာတယ်။ ရိပေါ်လို့မခေါ်ပဲ မားမားရဲ့သူ့ကိုစိတ်မချလို့လှမ်းအော်ပြောပြောနေရင်နောက်ဆက်တွဲပါလာတတ်သည့့်အိမ်ခေါ်နာမ်စားကို ကောကတစ်ဖက်ခြံကနေနားထောင်နေတယ်ထင်ပါရဲ့။ နောက်တခါပြန်တွေ့တော့ ဒီလိုခေါ်ရမလားဆိုပြီးလည်းခွင့်တောင်းသေးတယ်။
အခု သူတို့နှစ်ယောက် ကမ်းစပ်ကသဲပြင်ပေါ်မှာနောက်ကိုလက်ထောက်ထားပြီး ခြေထောက်တွေကိုဆန့်ကာ ပင်လယ်ကြီးကိုကြည့်ပြီးစကားပြောနေကြတာဖြစ်သည်။ စွတ်စွတ်ဖြူတဲ့စွယ်တာအဖြူလေးတွေ၀တ်တတ်တဲ့ကျန့်ကောက ဘောင်းဘီကော်ဖီရောင်pantလေးနဲ့ စွယ်တာဖြူထူထူကြီးကို၀တ်ဆင်ထားတယ်။ ရိပေါ်ကလည်း pantအနက်တစ်ထည်နဲ့ အောက်ကအကျီအစိမ်းေလးေအာက်မှာ အပေါ်ကရှပ်လက်ရှည်အကွက်ကိုထပ်၀တ်ထားသည်။
"ထားချင်လို့တော့မဟုတ်ပါဘူး"
"အင်း ဒါဆို..."
"ဒီတိုင်း...ပြောပြတာပါ"
"အဲ့အခြေအနေတွေကို ကြုံဖို့ ငယ်ပါသေးတယ်"
"အချစ်ဆိုတာဘာလဲ"
"ထူးထူးဆန်းဆန်း"
"သိချင်လို့ပြောပြပါလား ကျန့်ကော"
"အချစ်ကပုံသေအဓိပ္ပာယ်မရှိဘူး တစ်ယောက်ချင်းစီရဲ့ဖွင့်ဟချက်တွေမှာပဲ အချစ်က အမျိုးမျိူးပြောင်းလဲသွားတာ"
YOU ARE READING
𝐖 𝐇 𝐎 𝐋 𝐄 .. [Cᴏᴍᴘʟᴇᴛᴇᴅ]
FanficThey first met in the small town of Helen Some of the lyrics in it burn your heart ⚠︎All the pictures in the story copy in pinterest [BJYX Fanfiction] This fic is Yizhan..