အိမ်မက်တွေ...
ရုန်းထွက်ကြည့်ချင်ပေမယ့် မရခဲ့ဘူး..
အတင်းပိတ်လှောင်ထားသလိုပဲ
အိမ်မက်ထဲကတစ်ေယာက်သူရဲ့မျက်နှာက မျက်ရည်စတွေနဲ့..လန့်နိုးလာတဲ့အခိုက်အတန့်တွေမှာ ကုတင်ပေါ်ကထရပ်လိုက်မိမိချင်းပဲ ခြေမခိုင်နိုင်စွာ ပြုတ်ကျတယ်။ သူဘာတွေမက်ခဲ့တာလဲဆိုတာ သူ့ဘာသူမသိအောင်ပဲ....သူ့ကြောင့်နာကျင်နေတဲ့ ကောက မျက်ရည်စတွေနဲ့...အရိုင်းဆန်လွန်းတဲ့အိမ်မက်တွေပါပဲ။ ကိုယ့်ကိုယ်ကိုထုရိုက်ပစ်လိုက်ချင်တယ်။ ဘာလို့များသူ့စိတ်တွေအရိုင်းဆန်မိသွားရတာပါပဲ...။
"တောင်းပန်ပါတယ် ထပ်ခါတောင်းပန်ပါတယ်
ကျွန်တော့်ရဲ့စိုစွတ်အိမ်မက်တွေထဲ...
ကောကထည့်ခဲ့မိတယ်"ဘ၀မှာပထမဆုံး wildest dreamတစ်ခု..ပါတနာက သိပ်ချစ်နေရသူဖြစ်နေတဲ့အခါ ကျေနပ်ဖွယ်အတိဆိုပေမယ့် တစ်ဖက်မှာလည်းနာကျင်မိတယ်။ သူချစ်ခဲ့တာ အဲ့တာတွေအတွက်မှမဟုတ်တာ...စချစ်တည်းက ငေးကြည့်ခြင်းနဲ့အသားကျနေတဲ့ ရိပေါ်က လောဘတွေသိပ်မကြီးချင်။
တစ်သျှူးနဲ့အတူ ရေချိုးခန်းထဲသို့ရောက်ရှိသွားခဲ့တယ်..
.
.Bathtubထဲကို၀င်နေမိပြီး တိတ်တဆိတ်ရေငုပ်မိတယ်...ရှောင်းကျန့်ကပျော့ညံ့သူမဟုတ်ပေမယ့် ရိပေါ်အတွက်ဆို အလိုလိုဖယောင်းပဲ...ခပ်ဆိုးဆိုးကောင်လေးမဟုတ်ပေမယ့် ရိပေါ်က စကိတ်ဘုတ်တွေနဲ့ ဆိုင်ကယ်တွေကိုသဘောကျတာတော့သူသိထားတယ်။ ပန်းချီဆွဲလို့ဘေးနားမှာလာထိုင်နေပြီဆို အဲ့အကြောင်းတွေကြီးပဲ ကရားရေလွှတ်ပြောနေရော....။
လွန်ခဲ့တဲ့နှစ်တွေတည်းက သူက အား၀မ်ကိုတွယ်တာနေခဲ့မိပါပြီ။
သို့သော်လည်း ဒီနေ့ တွေ့လိုက်ရတဲ့မြင်ကွင်းတချို့ကြောင့် သူ့စိတ်ကိုသူတောင်ပြန်ကြောက်မိသည်။ သူလည်းမျှော်လင့်ချက်တွေထားခဲ့မိတာပဲ....
Convenience martတစ်ခုထဲ၀င်ပြီး၀ယ်ခဲ့တဲ့ ခေါက်ဆွဲထုပ်လေးက စားပွဲခုံပေါ်မှာ အထီးကျန်စွာ...ရေစိမ်တာတော်လိုက်ပြီဆိုပြီး ထွက်လာခဲ့လိုက်ပေမယ့် ဘယ်လောက်ကြာသွားခဲ့လဲဆိုတာ
လက်မှာ ပဲကြီးရေတွန့်နေတဲ့အရေပြားတွေက သက်သေခံတယ်။
YOU ARE READING
𝐖 𝐇 𝐎 𝐋 𝐄 .. [Cᴏᴍᴘʟᴇᴛᴇᴅ]
FanfictionThey first met in the small town of Helen Some of the lyrics in it burn your heart ⚠︎All the pictures in the story copy in pinterest [BJYX Fanfiction] This fic is Yizhan..