Part-10

1.3K 147 2
                                    

ပြန်လည်ရောက်ရှိပြီဖြစ်တဲ့မိမိရဲ့ဇာတိမြေဖြစ်တဲ့ဘေကျင်းကလည်းပျင်းဖွယ်အတိ...အရာရာအားလုံးခြောက်ကပ်နေတယ်လို့ပဲ ရိပေါ့်စိတ်ထဲခံစားမိနေသည်။ ဟယ်လင်မြို့ကိုလွမ်းနေတာမဟုတ်ပဲ ဟယ်လင်မှာကျန်ရှိခဲ့တဲ့ တစုံတယောက်ကိုသိပ်လွမ်းတာ...

"သွားနားတော့မယ် မား"

အထုပ်တွေကား‌ေပါ်မှ အိမ်ထဲထိသယ်ပေးလိုက်ပြီး ကိုယ့်အထုပ်တွေကိုယ်ဆွဲပြီး ၀တ်ကျေတန်းကြေလောက်သည့်စကားတစ်ခွန်းပြောခဲ့ကာအပေါ်ထပ်သို့တက်ခဲ့လိုက်သည်။

ကိုယ့်စိတ်ထဲပင်ပန်းနေတာ ကိုယ်ပဲသိတာ...
ကော ချစ်တာ သူမဖြစ်လာနိုင်ဘူး...၀မ်ရိပေါ်ဆိုတဲ့တစ်ယောက်က သူနဲ့သိပ်တူနေတာ နာမည်ကအစ အရာရာပေါ့...အဆင်ပြေပါတယ် ကောသာသူ့ကိုမမေ့နိုင်သေးရင် ကိုယ့်ကိုအစားထိုးပစ်လိုက်ပေါ့...တချို့စတေးခံဘ၀မှာနေရင် ပျော်ရင်လည်းပျော်ရမှာပဲမဟုတ်ဘူးလား...။

'ဗြီ....ဗြီ...'

ဖုန်းမြည်သံကျယ်ကျယ်လောင်လောင်က အိပ်ပျော်နေတဲ့သူ့ကို လန့်နိုးသွားစေသည်။ တကယ်ပဲဘယ်သူကများ ထပ်ဆက်နေတာလဲစိတ်ကုန်ဖို့သိပ်ကောင်းနေရောပဲ...စိတ်ပေါက်ပေါက်နဲ့ ဖုန်းလက်ခံတဲ့အစိမ်းရောင်လေးကိုနှိပ်လိုက်ပြီး ကိုင်လိုက်တော့ တဖက်က ထွက်လာတာက ကျန်းချန်အသံကြီး ..

"ဟယ်လို"

"‌ပြော"

"လေသံကမာလိုက်တာ"

"အိပ်နေတာကွ"

စိတ်တိုတိုနဲ့အော်မိတော့ ရီနေတဲ့အသံက ဖုန်းထဲကနေတဆင့်ပျံ့လွင့်လာတယ်...

"စိတ်ကြီးပဲကွာ ရိပေါ်ပြန်သွားပီဆို"

"အေး"

"ငါဒီနေ့ သူ့ကိုဖုန်းဆက်တော့ ဘေကျင်းရောက်နေတယ်ပြောပြီး ဖုန်းချသွားတယ်"

"အင်း.."

"တကယ်ပဲ သွားခိုင်းတာလား"

"ငါဘာမှမသွားခိုင်းဘူး ကျန်းချန် သူ့ဘာသူထွက်သွားခဲ့တာ ဆွဲထားရအောင်လည်း ငါနဲ့သူနဲ့က ဘာမှမှမသက်ဆိုင်တာ"

"ရှောင်းကျန့် မင်းကတော့ကွာ"

" ...."

"သူမင်းကိုဘယ်လောက်ချစ်လဲ ငါတောင်မြင်တယ်"

𝐖 𝐇 𝐎 𝐋 𝐄 .. [Cᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now