Part-20

1.5K 148 10
                                    

မှားယွင်းသွားခြင်း..

"ယုရန် ငါ‌ေရာက်နေပြီ"

ဒီနေ့ယုရန်နဲ့သူ ကော်ဖီဆိုင်မှာချိန်းထားတာဖြစ်သည်။ အကြောင်းအရင်းမရှိတဲ့ချိန်း‌ဆိုခြင်းတစ်ခုပဲ...ပေးသွားတဲ့စာရွက်ခေါက်အကြေလေးထဲကဖုန်းနံပါတ်တခုကို သူခေါ်မိတယ်ထင်ပါရဲ့...
အခုတော့ ကော်ဖီဆိုင်မှာစောင့်လို့နေခဲ့တယ်။

"ရိပေါ်"

ဖုန်းသုံးနေရင်း ခေါ်သံကြားတာကြောင့် ယုရန်ဆိုတာတန်းသိသည်။ ဖုန်းကိုပိတ်ကာဘေးချထားလိုက်ပြီး အလိုက်တသိပြုံးပြလိုက်သည်။ သူပဲအကြောင်းမရှိဖိတ်ထားပြီးတော့...

"ဘာသောက်မလဲ မှာလိုက်လေ"

"အမေရီကာနိုတစ်ခွက်ပဲပေးပါ"

ဒီတခါတော့ ရိပေါ်ကကော်ဖီချိုချိုတစ်ခွက်ပဲမှာသောက်တယ်..သကြားဓာတ်တချို့ကသူ့အရှေ့မှာမရှိတဲ့အခါ သူက ဆိုင်လုပ်သကြားနဲ့ကော်ဖီချိုချိုကိုပဲသောက်ဖြစ်တယ်။

"ငါနဲ့ဘာလို့တွေ့ချင်တာလဲ"

"ငါပြောစရာရှိလို့ပါ"

"အေးပြောလေ"

"တွဲရအောင်.."

"ဟမ်"

"စိတ်တော့မဆိုးပါနဲ့ ခဏလောက် ‌တွဲကြည့်ရအောင် အတည်ကြီးမဟုတ်ပေမယ့် တစ်ယောက်နဲ့တယောက်လေ့လာတဲ့သဘောမျိုးပေါ့"

"အို ရိပေါ် နင်ကငါ့စိတ်ကိုသိလိုက်တာ ငါလည်းအဲ့လိုပြောမလို့ပဲ"

"ငါ့ဘက်ကလွန်မယ်ဆိုတာသိပေမယ့် အဲ့လိုတွဲကြည့်ရအောင်"

"ကောင်းပြီ နင်မလွန်ပါဘူး ဒါက အနောက်တိုင်းယဉ်ကျေးမှုတွေပဲ..."

စတွဲတဲ့ပထမဆုံးရက်ပေါ့ ဖုန်းနံပါတ်တွေဖလှယ်တယ်။ ရောက်တိရောက်ရာ စကားတွေပြောတယ်။ ငယ်ဘ၀အကြောင်းတွေအပါအ၀င်ပဲပေါ့ ..ဒီလိုလုပ်လိုက်တာ ဘာလို့လဲဆိုတော့ ရိပေါ်ရူးနေလို့ပဲဖြစ်မယ်။ ရှောင်းကျန့်ကို မေ့ပစ်တော့မယ်လို့တွေးမိသွားခဲ့လို့ပဲလား...ဒီရက်ပိုင်းသိပ်စိတ်ရူပ်စရာတွေများ‌တဲ့အခါ စိတ်ထွက်ပေါက်အဖြစ် ယုရန်နဲ့တွဲဖို့ကို ရွေးချယ်ခဲ့တယ်...။

𝐖 𝐇 𝐎 𝐋 𝐄 .. [Cᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now