Extra 1

2.6K 152 17
                                    

အတိတ်ကိုပြန်သွားခြင်း

ကျောင်းသားဘ၀တွေကရိုးရိုးရှင်းရှင်းနဲ့ဖြတ်သန်းခဲ့ကြတယ်။ သူတို့သုံးယောက်ကသိပ်ကိုချစ်ကြတဲ့သူငယ်ချင်းတွေဆိုပေမယ့် ရည်မှန်းချက်တွေကတော့ကွဲကွဲလွဲလွဲတွေ...ပန်းချီဆရာဖြစ်ချင်တဲ့ရှောင်းကျန့်ရယ် အဆိုတော်ဖြစ်ချင်တဲ့၀မ်ရယ် ကုန်သည်ဖြစ်ချင်တဲ့ကျန်းချန်ရယ်က ဘယ်လိုမှဆက်စပ်လို့မရတဲ့ဝါသနာတွေ...။

"ကျောင်းပြီးရင်ဘာတတ်မှာလဲ ရှောင်းကျန့်"

"အနုပညာကျောင်းကပန်းချီမေဂျာပေါ့"

တုံ့ဆိုင်းမှုမရှိပဲ ‌ပြန်ဖြေတဲ့ရှောင်းကျန့်က ပန်းချီကိုရူးသွပ်လွန်းတယ်။ ဒါကိုအခင်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့သူတို့ကအသိပါပဲ...

လက်ချောင်းသွယ်သွယ်လေးတွေက အနုပညာရှင်တစ်ယောက်ကို ပိုပြီးတော့ ပံ့ပိုးပေးနေသယောင်...ထိလိုက်တာနဲ့ကြွေကျသွားတော့မတတ် ရှောင်းကျန့်ကနှင်းပန်းလေးလိုပဲ..ဒါကိုပဲဝမ်ကစိတ်မချဖြစ်ရပြန်တယ်။

"ငါးပေါင်မုန့်သွားစားကြရအောင်"

ကျောင်းကအပြန်တွေမှာ လမ်းထိပ်မှာရောင်းတဲ့အဒေါ်ကြီးစီက ငါးမုန့်ပူပူလေးတွေကသိပ်ကိုစားကောင်းတယ်။ ဒီလိုချိန်ကြ‌ရင်တော့ သုံးယောက်လုံးကတူတူညီညီခေါင်းညိမ့်ကြတယ်...အန်တီကြီးရဲ့လက်ရာပူပူနွေးနွေး ငါးမုန့်ကို သုံး‌ယောက်လုံးသိပ်ကြိုက်ကြတယ်။

"ငါရှင်းလိုက်မယ်"

၀မ်က အတင်းပင်တားနေတဲ့ကြားထဲကနေ ရှောင်းကျန့်အများဆုံးစားထားပြီး ကျိုးချန်ရယ် သူရယ်ကတစ်ခုသာစားထားတဲ့ ငါးမုန့်ဖိုးတွေကိုရှင်းပေးတယ်။ ဒါကိုတလမ်းလုံး ရှောင်းကျန့်ကစိတ်ထိုင်ကောက်လာမိတယ်..တကယ်တည်းအမြဲရှေ့ကနေ လူစွမ်းကောင်းသိပ်ကို၀င်လုပ်ချင်လွန်းတယ်။

"စိတ်မကောက်ပါနဲ့ ရှောင်းကျန့်ရယ်"

"ငါကစိတ်ကောက်ရအောင်မိန်းကလေးလား"

"အင်းအင်း မင်းကမိန်းကလေးမဟုတ်ဘူး ဒါပေမယ့် ငါကရှင်းပေးချင်လို့လေ"

"မင်းမုန့်ဖိုးတွေကုန်မှာပေါ့ ငါတို့ကကျောင်းသားတွေလေ အဲ့လောက်ထိရမှာမှမဟုတ်တာ"

You've reached the end of published parts.

⏰ Last updated: Nov 22, 2021 ⏰

Add this story to your Library to get notified about new parts!

𝐖 𝐇 𝐎 𝐋 𝐄 .. [Cᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now