ယုရန်နဲ့လမ်းခွဲခြင်း..
"အသုံးချမိသလိုဖြစ်သွားမိတဲ့အတွက် ဆောရီးပါ"
"ရပါတယ် ရိပေါ် ငါစိတ်မခုပါဘူး"
"ကျေးဇူးပါ ယုရန်"
"ဒါဆို ငါသွားမယ်"
ရိုးရိုးလေးပဲ သူနဲ့ယုရန်က သံယောဇဉ်တွေအချစ်တွေနဲ့ဖြစ်တည်ခဲ့တဲ့ဆက်ဆံရေးတစ်ခုမှမဟုတ်တာ ..သူငယ်ချင်းပဲ။ ရိပေါ်ရဲ့မတည်ငြိမ်တဲ့စိတ်တွေကြောင့် တွဲမလားလို့ပဲမေးခဲ့တာပင် အမှန်ဆို သူတို့နှစ်ယောက်က ဆန်းစစ်နေဆဲအခြေအနေတွေပဲရှိသေးခဲ့တာ..ရှောင်းကျန့်ကသာသူ့ဘ၀ဆိုတာကို ရိပေါ်က အများကြီးမေ့ပြီး စိတ်ကစဉ့်ကလျားတွေဖြစ်ခဲ့တာ...။
"ကော ကိုယ်ပြန်လာပြီ"
"နောက်ဘက်ကအခန်းထဲမှာ အား၀မ်"
တခါတလေ 'ကိုယ်'လို့သုံးနှုန်းမိတဲ့အခါ ကျန့်ကောက ဘာဆိုဘာမှမပြောခဲ့ပါဘူး။ အမြဲမပျက် အား၀မ်ဆိုတဲ့နာမည်လေးကိုသာခေါ်ခဲ့တယ်။
"လွမ်းနေရတာကွာ"
ပန်းချီဆွဲနေပုံရပြီး ထိုင်ခုံအရှည်အမြင့်ပေါ်ထိုင်နေသည့် ကိုယ်လုံးလေးကို မှီတွယ်ပြီး ဆွဲနေတဲ့ပန်းချီကားစီမျက်စိမရောက်...မွေးညှင်းနုလေးတွေနဲ့လည်တိုင်စီ နှုတ်ခမ်းအပ်မိတော့ပဲ။ နို့နံ့နဲ့မက်မွန်ရနံ့သင်းနေတဲ့အနံ့က သူ့ကိုအမြဲစိတ်ကြည်စေတယ်။ ကိုယ်သင်းနံ့တွေရူရိူက်ပြီးတဲ့အခါ တံတောင်နဲ့တွန်းတာခံရပြန်တယ်။
"ရေချိုးတော့လေ အား၀မ်"
"ဒီလိုလေးနေချင်သေးတယ်"
"နောက်ကျနေပြီ အား၀မ်ရဲ့ ရေသောက်ပြီးမှချိုးနော်"
"အင်းပါ ဒါဆို ကျွန်ဝောာ်ရေချိုးအုံးမယ်"
ရေချိုးခန်းထဲ၀င်သွားတဲ့ အား၀မ်ကိုကြည့်ပြီး ရှောင်းကျန့် သက်ပြင်းခပ်ဖွဖွချမိတယ်။ သူ့ကိုသိပ်ချစ်လွန်းလို့ အရာအားလုံးကိုစွန့်လွှတ်ပြီး ဘေကျင်းရဲ့ကွန်ဒိုတစ်ခုမှာ နှစ်ယောက်တူတူလာနေခဲ့တာ...
ဟယ်လင်ကိုစွန့်လွှတ်တာမဟုတ်ပေမယ့် သွားသွားတော့လည်ဖြစ်မှာ...အား၀မ်က သူ့ရဲ့ပါးစီကိုသွားတွေ့တုန်းကဆို သူတို့နှစ်ယောက်ကို သဘောတူပေးတဲ့ပါးကြောင့် သူပါပျော်ခဲ့ရသေးသည်။ ပါးပါးကcompanyရော အမွေတွေပါ အား၀မ်ကိုအကုန်လွဲပေးခဲ့တယ်။ သူ့မားမားကတော့ လင်ပိုင်ပစ္စည်းမယားတစ်၀က်ရတာပေါ့...။
YOU ARE READING
𝐖 𝐇 𝐎 𝐋 𝐄 .. [Cᴏᴍᴘʟᴇᴛᴇᴅ]
FanfictionThey first met in the small town of Helen Some of the lyrics in it burn your heart ⚠︎All the pictures in the story copy in pinterest [BJYX Fanfiction] This fic is Yizhan..