Part-17

1.3K 144 2
                                    

"မတွေ့ရတာကြာပြီနော်"

စတင်နှုတ်ဆက်ခြင်းတွေမှာ ဘာအရောင်မှဆိုးထားခြင်းမရှိ...အဖြူစင်ဆုံးတွေပါပဲ။ အတ္တတွေထားပြီးမှ မရရင် ရှက်ဖို့သိပ်ကောင်းမှာ...ပိုင်ရှင်ရှိတဲ့ပစ္စည်းတွေကို ရှောင်းကျန့်ကဘယ်တော့မှလုယူဖို့စိတ်နဲ့တောင်မတွေးဝံ့ဘူး။

သူ့နှုတ်ဆက်ခြင်းမည်တဲ့စကားကြောင့် ရှေ့က ကောင်လေးရဲ့ မျက်၀န်း‌မှာ တချို့တစ အရည်ကြည်လေးတွေလဲ့လို့...ဒါဆိုသူကရော...ကိုယ့်ကိုယ်‌ပြန်မေးမိတဲ့ အဖြေမရှိတဲ့မေးခွန်းတစ်ခုပါပဲ။စာမေးပွဲဆိုတာ မေးခွန်းသီးသန့်ဆိုပေမယ့် အဖြေရှိတဲ့မေးခွန်းတွေကိုပဲမေးတာ...ရှောင်းကျန့်ရဲ့မေးခွန်းတွေက‌ေတာ့မေးခွန်းသက်သက် အဖြေကဗလာ...။

"အင်း..မတွေ့ရတာ‌ ကြာပီပဲ"

"ဒါ ကျွန်တော့်ကောင်မလေး ယုရန်လေ"

ဟင်...နက်နဲတဲ့ပစ်ချက်ပဲ...ဒီပွဲမှာမင်းနိုင်ပါတယ်။
ရှောင်းကျန့်မှန်းရင် လွဲခဲတယ်...။

လိမ်ညာလိုက်ရတဲ့အတွက် တောင်းပန်ပါတယ်...
မလိုချင်လို့ပစ်ချသွားတဲ့အခါ တွယ်ကပ်ချင်သေးပေမယ့် ဘယ်ကရလာမှန်းမသိတဲ့ တစွန်းတစသတ္တိနဲ့ ခင်ဗျားကျွန်တော့်ကို လိုများလိုချင်လာအောင် ပြုလုပ်ချင်မိတယ်။ လွဲပြီးရင်း လွဲလိုက်ကြရအောင်လား...နာကျင်နေတာ ထပ်နာကျင်လိုက်လို့ဘာမှမဖြစ်သွားပါဘူး။

"ယုရန် ခဏလောက်ပဲ ငါ့ကိုဟန်ဆောင်ပေးပါ"

ပခုံးကိုဖက်ပြီး သူနဲ့ပိုနီးကပ်သွားအောင် ဆွဲယူလိုက်ကာ နားထင်နားလေးကိုနမ်းသလိုနဲ့ တိုးတိုးလေးပြောလိုက်တော့ ယုရန်ကခေါင်းညိတ်ပြသည်။တောင်းပန်ပါတယ် တမင်ကစားတာမဟုတ်ပါဘူး ငါတကယ်အဆင်ပြေလို့ပါ ဆိုပြီး စိတ်ထဲကပြောမိနေသည်။

"သွားလိုက်ဦးမယ် အရေးကြီးလို့ပါ"

ရှောင်ထွက်လာခဲ့မိခြင်းထင်ပါတယ်...အမှန်တော့ ရှောင်းကျန့်ကသတ္တိတွေမရှိပါဘူး။ မာကျောချင်ယောင်ဆောင်ထားပေမယ့် တကယ်တော့ သူကစိတ်ပျော့လွယ်တဲ့လူတစ်ယောက်..မုန်းပါတယ် မုန်းတယ်အဲ့စိတ်ကြီးကို သိပ်မုန်းတယ်။ ၀မ့်ကိုလည်းလိပ်ပြာမလုံသလိုခံစားမိတယ်။

𝐖 𝐇 𝐎 𝐋 𝐄 .. [Cᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now