Part-8

1.2K 146 2
                                    

ကျန်းချန်ဆိုသည့် တစ်ယောက်ရောက်လာတဲ့နေ့ကစပြီး ကျန့်ကောနဲ့တွေ့ရတဲ့နေ့တွေကလည်း နည်းလို့သွားခဲ့တယ်။ မကြာခင် ပိတ်ရက်ကုန်တော့မည်ဖြစ်တာကြောင့် ပြန်ရတော့မည်။ အဆင့်တစ်ခုအဖြစ် သတ်မှတ်ရမယ့်အခြေအနေတစ်ခုတောင် ရိပေါ်နဲ့ကောကမရောက်ကြသေးဘူး...

ရှေ့ဆက်တိုးဖို့လုပ်လေလေ...
ကြောက်လေလေနဲ့...ဆက်မတိုးရဲတော့...

ပါးကတော့ အလုပ်ရှိသည်ဟုဆိုကာ ပိတ်ရက်တွေအတွင်းပဲ ဘေကျင်းကိုပြန်လို့သွားခဲ့တယ်။ မားနဲ့အားရီကတော့ စိုက်ခင်းတွေထဲ သွားသွားနေပြီး တခြားအဒေါ်ကြီးတွေနဲ့စကားဖောင်ဖွဲ့ပြောကြတာပေါ့....။ အခုချိန်ထိ ရိပေါ်ဘယ်သွားလဲဆိုတာ မားမရိပ်မိအောင် မြင်ဖူးတွေ့ဖူးနေကြ ကောင်လေးတစ်ယောက်ကိုခေါ်လာပြီး ဒါသားနဲ့သိတဲ့ ကျွန်တော့် သူငယ်ချင်းပါဆိုပြီး လိမ်ခဲ့ရတဲ့မုသားတွေ....။

အင်းပေါ့နော် ကျွန်တော်သာမိဘနေရာဆိုရင် ကိုယ့်သားသမီးကနေရာတစ်ခုကိုပဲ မရိုးမအီသွားနေရင် နည်းနည်းတော့ ရိပ်မိလာမှာပဲ...ဒါပေမယ့် မား ရိပ်မိသွားလို့မဖြစ်ဘူး မားသာ ရိပ်မိခဲ့ရင် ကျန့်ကောနဲ့ဝေးရာဘေကျင်းစီပြန်ခေါ်သွားမှာကိုသိနေတယ်။ တစ်ဦးတည်းသောသားဖြစ်သည့်အလျှောက် အလိုလိုက်ထားပေမယ့် တချို့အရာတွေတော့ ချုပ်ထိန်းမှုတွေနဲ့ပင်....

ညတည်းကဖုန်းဆက်ထားပြီး တစ်ခွန်းစနှစ်ခွန်းစနဲ့ပြီးသွားတတ်တဲ့ ဖုန်းcallတွေမှာ မနက်ဖြန်တွေ့ကြရအောင် ကော နှစ်ယောက်တည်းဆိုသည့် စကားနဲ့အဆုံးသတ်ပြီး ဖုန်းကိုမြန်မြန်ချဖြစ်ခဲ့တယ်...။ဆက်ပြီးတော့လည်းမကြားတော့ဘူး ကောရဲ့ဖြေသံတွေကို တစ်ခါလောက်တော့ အတ္တ‌ဆိုတာဘာလဲဆိုတာသိချင်သေးတယ်။ အချိန်တိုင်း ကျန့်ကောရဲ့ မအားဘူး..အိပ်ချင်နေပြီဆိုတဲ့စကားတွေမှာ ကျသွားခဲ့ရသည့် ဖုန်းcallများနဲ့အတူ မျှော်လင့်ခြင်းတွေ...

တက္သသိုလ်မတတ်ရသေးခင် လာတွေ့တဲ့ တွေ့ဆုံခြင်းတွေပါပဲ...နောက်ကျရင်လာချင်ရင်တောင် လာလို့မရတော့တဲ့အချိန်မရခြင်းများ...အနုပညာကျောင်းဖြစ်သည့်အလျှောက်activityတွေတော်တော်များများရှိ‌မှာပင်။ အကဆိုသည့်အရာက အငြိမ်နေရသည်မဟုတ် ခန္ဓာကိုယ်ကို အမြဲတစေ လှုပ်ရှားနေရတာမဟုတ်လား...။

𝐖 𝐇 𝐎 𝐋 𝐄 .. [Cᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now