မနက်စောစောမဟုတ်ပေမယ့် မစောတစောအခြေအနေမှာနိုးလာခဲ့တဲ့ ရိပေါ်က အိပ်ရေးတော့ သိပ်မ၀ချင်ဘူး...အိပ်ယာပြောင်းသလိုဖြစ်ပြီး အသားမကျတဲ့အခါ မအိပ်တတ်တာ အကျင့်တစ်ခုလိုပဲ..ခရီးသွားရင်လည်း ဟိုတယ်မှာအိပ်ရင်ဖြစ်နေကြတွေ..မသိရင် အိမ်က ကုတင်နဲ့မွေ့ယာကြီးပဲ သွားလေရာ ယူသွားရမလိုဖြစ်နေပြီ။
"အား၀မ် နိုးပြီလား အစောကြီးပဲ"
"ဆက်မအိပ်ချင်တော့လို့ မား"
အန်တီချင်းနဲ့စကားပြောနေသည့်မားက သူ့ကိုလှည့်ကြည့်ပြီးမေးလာတယ်..။ တစ်ခါတလေ ထူးထူးဆန်းဆန်းတွေရိပေါ်ကသိပ်လုပ်တတ်တာ ဥပမာ အိပ်ယာစောစောထတာမျိုးပေါ့..။
မားမားရဲ့အမေးကိုဖြေပြီးတော့ ခြံထဲဆင်းကာ ကျောအညောင်းဆန့်မိတယ်။ ပါးပါးကတော့ မနက်ခင်းအပြေးလေ့ကျင့်ခန်းသွားလုပ်ပြီထင်တယ်။ ရိပေါ်က အိပ်နေရင် နှိုးရခက်တာကြောင့် ပါးကဘယ်တော့မှမခေါ်သွား...။ ရိပေါ်ကလည်း လိုက်ဖို့စိတ်မပါပါ..။ရုတ်တရတ်မနေ့ညကအကြောင်း ခေါင်းထဲပြန်ရောက်မိတဲ့အခါ တစ်ဖက်ခြံကိုလှည့်ကြည့်မိသွားတယ်...။
တိတ်ဆိတ်ငြိမ်သက်နေတာပဲ...။
ပင်လယ်နဲ့နီးတဲ့မြို့ငယ်လေးဖြစ်တာကြောင့် လေတိုက်လိုက်တဲ့အခါတိုင်း ပင်လယ်ရဲ့ရနံ့တွေကနှာခေါင်းနားမှာ ဝေ့လို့ဝဲလို့...သိပ်မကျဉ်းမကျယ်လှတဲ့ခြံလေးထဲမှာ အန်တီဟွားချင်းက မျက်လုံးပဒါသဖြစ်စေသည့် အစိမ်းရောင်အပင်တွေစိုက်ထားတယ်..။ ပတ်၀န်းကျင်အတွက် အဓိကမပါမဖြစ် မရှိမဖြစ်တဲ့ အစိမ်းရောင်တွေက ရိပေါ်ရဲ့အကြိုက်ဆုံးအရောင်တွေပဲ...။
"ဟေ အား၀မ် အစောကြီးနိုးနေပါလား"
"ပါးကပြန်တောင်လာပြီလား"
"ဟုတ်တယ် အား၀မ် ဒီမြို့လေးက သိပ်ကိုအဆင်ပြေတယ်ကွာ လေနံ့လေးကသန့်လို့စိတ်ကိုကြည်သွားစေရောပဲ"
"ဟုတ်တယ်နော် ပါး သားလည်းခုပဲ လေညင်းခံနေတာ"
"သားအဖတွေစကားကောင်းနေပါလား"
ပါးနဲ့သူစကားကောင်းနေတာနဲ့ မားရောက်နေတာကိုတောင်သတိမထားမိလိုက် ဘေးနားရောက်ပီး စကားလှမ်းပြောလိုက်မှသာသိတော့သည်။ ရိပေါ်ရဲ့ပါးနဲ့မားက အခုမှအသက်40ကျော်လေးတွေပဲရှိသေးတာပင်.. ကျန်းမာရေးလိုက်စားလွန်းတဲ့လင်မယားနှစ်ယောက်က အခုထိကိုတော်တော်များများက 30ကျော်လေးတွေလို့ပဲထင်နေကြတာ...။
YOU ARE READING
𝐖 𝐇 𝐎 𝐋 𝐄 .. [Cᴏᴍᴘʟᴇᴛᴇᴅ]
FanfictionThey first met in the small town of Helen Some of the lyrics in it burn your heart ⚠︎All the pictures in the story copy in pinterest [BJYX Fanfiction] This fic is Yizhan..