"ကျန့်ကောနဲ့ ရန်ဖြစ်ခဲ့တာလား"
"ဘာမှမသက်ဆိုင်တဲ့လူနှစ်ယောက်က ရန်ဖြစ်မလားကွာ"
စီးကရက်ခပ်ပြင်းပြင်းရိူက်ပြီး အငွေ့တွေကို ခပ်ပြင်းပြင်းမှုတ်ထုတ်လိုက်တယ်။ အရင်ကလို ရိပေါ်က ကလေးလေးမဟုတ်တော့ လူကြီးဆန်ဆန်နဲ့ မူးယစ်ဆေးတဲ့အရာတချို့ကိုတောင် သုံးစွဲလာတတ်နေပြီ။
"ကျန့်ကောနဲ့တွဲနေပြီတောင်ထင်တာ"
"သူက ငါ့ကိုအစားထိုးရမှာတောင် ၀န်လေးနေတာ"
"ဘယ်လို"
နားမလည်သလိုမေးလာတဲ့ ကျိရန် သူသာအပြည့်အစုံပြောပြလိုက်ရင် ထများထိုးမလားမသိဘူး. .ကိုယ်နစ်နာမယ့်အရာတွေမှန်းသိသိကြီးနဲ့ပြောခဲ့တာလေ...
"ကျန့်ကောမှာ ငါနဲ့ချွတ်စွတ်တူခဲ့တဲ့ ရည်းစားဟောင်းတစ်ယောက်ရှိခဲ့တယ်..."
အကုန်ပြောပြလိုက်တော့ ကျိရန်တို့မှာ ပါးစပ်အဟောင်းသားတွေဖြစ်ကုန်ကြသည်။
"တကယ်ကြီးလား တိုက်ဆိုင်လိုက်တာကွာ"
"အင်း ဓာတ်ပုံပါတွေ့ခဲ့တယ်"
"မင်းနဲ့တပုံစံတည်းတူတာလား"
"နာမည်ကအစတူနေတာ"
"အဆန်းကြီးတွေဟာ" ဟောက်ရွမ်းကမျက်လုံးပြူးပြူးပြီးပြောနေတာကို ကျိရန်ကိုလိုက်ငေးနေသည်။ မျက်ခုံးထူထူနက်နက်ရှိတဲ့ဟောက်ရွမ်းက တမူဆွဲဆောင်မှုရှိတယ်။
"ပြန်တော့မယ်ကွာ"
"အေး ဂရုစိုက်ပြန်"
"အေးအေး" လက်ပြပြီး ခြံထဲကထွက်ကာ ပြန်သွားကြသည်။ လမ်းနီးနီးလေးတွေဆိုတော့လမ်းလျှောက်လာတာပဲဖြစ်မှာ..အိမ်သာသွားတာတောင် ကားနဲ့မှဆိုတဲ့ကောင်ကို ကျိရန်တားထားခဲ့လို ဒီလိုလာတာပဲဖြစ်မှာ နောက်ဆို ကားကြီးနဲ့ ရိပေါ်တို့အိမ်ကိုရောက်လာဦးမှာ...
"အိပ်တော့မှာလား အား၀မ်"
သူအိမ်ထဲ၀င်လာတာကိုမြင်တဲ့မားအမေးကြောင့် လှေကားပေါ်တက်မလို့ဖြစ်နေသည့်ခြေလှမ်းတွေရပ်လိုက်ပြီး မားဘက်လှည့်ကာ ရိုရိုသေသေပြောလိုက်သည်။ ဘယ်လောက်ပဲ ကိုယ့်ကို ချစ်ရသူနဲ့သဘောမတူပဲပြောပြော မိဘကမိဘပဲ...ရိပေါ်က သားလိမ္မာလေးတော့မဟုတ်ပေမယ့် သားဆိုးတစ်ယောက်လည်းမဟုတ်ပါ။
YOU ARE READING
𝐖 𝐇 𝐎 𝐋 𝐄 .. [Cᴏᴍᴘʟᴇᴛᴇᴅ]
FanfictionThey first met in the small town of Helen Some of the lyrics in it burn your heart ⚠︎All the pictures in the story copy in pinterest [BJYX Fanfiction] This fic is Yizhan..