Part-9

1.2K 147 2
                                    

ကျယ်လောင်စွာထွက်ပေါ်လာတဲ့မားရဲ့အသံကအိမ်ရဲ့ဧည့်ခန်းထဲကထွက်‌ပေါ်လာတာကြောင့် ဧည့်ခန်းဘက်ကို ၀င်သွားလိုက်တော့ ဆိုဖာပေါ်မှာ ပါးနဲ့အတူ အန်တီဟွားကပါ ထိုင်နေသည်။ မားကတော့ ဒေါသ‌ရိပ်ယောင်တွေနည်းနည်းတော့ မျက်နှာ‌မှာပေါ်လို့နေသည်။ ဘာတွေဖြစ်လဲ မသိပေမယ့် ဖြစ်နိုင်ချေက အကြောင်းအရာတစ်ခုပဲရှိလိမ့်မည်။

ကောနဲ့တွေ့လို့ ...
ကောနဲ့ခင်ခဲ့လို့ ...

"ဘာတွေလုပ်နေတာလဲ ၀မ်ရိပေါ်"

မားမားရဲ့လေသံမာမာက သူ့ကိုအနည်းငယ်ကြောက်စိတ်တော့ဖြစ်ပေါ်စေသည်။ တခါမျမအော်ဖူးတဲ့မားက ခုလိုအော်လာတော့ နည်းနည်းတော့ အံ့ဩမိတာအမှန်ဆိုပေမယ့် အဆင်မပြေတဲ့အရာတွေက တစ်ခုပြီးတစ်ခုထပ်နေတဲ့အခါ စိတ်ညစ်စရာကဘာလဲလို့တောင် ပြန်မေးရမယ့်အ‌ခြေအနေတွေရောက်လို့နေပြီ။

"ဘေကျင်းကိုပြန်မယ် အား၀မ်"

"ပါး..."

ဘေကျင်းကိုနေ့တွင်းညတွင်းချင်းကြီးချင်း ပြန်ဖို့ပြောတဲ့ ပါးပါးက တည်တည်ငြိမ်ငြိမ်နဲ့ သူ့ကိုဘာစကားမှမပြောချင်သည့် ပုံစံမျိုးနဲ့ ထိုင်နေရာကနေ ထထွက်သွားသည်။ ဘေကျင်းကို အရင်စောရက်တွေထဲက ရောက်နေပြီဖြစ်တဲ့ပါးက မားရဲ့တစ်ခုခုအကြောင်းကြားမှုကြောင့် ပြန်ရောက်လာတာပဲဖြစ်လိမ့်မည်။။

"မပတ်သတ်သင့်တဲ့လူနဲ့ဘာလို့ပတ်သတ်နေတာလဲ အား၀မ်"

"ဘာကိုလဲ မား"

"မင်း ဟိုရှောင်းကျန့်ဆိုတဲ့တစ်ယောက်နဲ့တွဲသွားတွဲလာလုပ်နေတာကို မားမသိဘူးထင်နေလား"

"ကျန့်ကောကဘာဖြစ်နေလို့လဲ မား"

"သူက မြူစွယ်နေတာလေ မင်းရဲ့ချင်းရီကောတောင် သူ့ကြောင့်သေသွားရတာ"

"ယောကျာ်းတစ်ယောက်က လှနေတာနဲ့ပဲ မြူစွယ်တယ်ဖြစ်သွားရောလား မား"

"အို ..မပြောတတ်ဘူးလေ စိတ်ထဲမှာ အဲ့စိတ်က ပုန်းခိုနေတာနေမှာပေါ့"

"မားစကားတွေသိပ်လွန်နေပြီ"

"မင်း မားကို ပြန်အော်တယ် ဟုတ်လား"

𝐖 𝐇 𝐎 𝐋 𝐄 .. [Cᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now