Part-15

1.3K 139 3
                                    

"ပါး"

"အား၀မ်"

အိပ်ရာပေါ်လှဲနေတဲ့ပါးက သူ့ကိုမြင်တော့ ထထိုင်လာတာကြောင့် ခါးနောက်မှာခေါင်းအုံးလေးခံပေးလိုက်ပြီး ကုတင်ခေါင်းရင်းကိုမှီခိုင်းလိုက်ရတယ်။

"နေရတာအဆင်ပြေရဲ့လား ပါး"

"ပြေတယ် အား၀မ် ပါးခုတလော နည်းနည်းနေပြန်ကောင်းနေပြီ"

ပါးမျက်နှာကလန်းလန်းဆန်းဆန်းရှိနေတာကြောင့် ရင်ထဲက သက်ပြင်းမောကြီးကိုအလုံးစုံချလိုက်သည်။ ပိန်သွားတဲ့ပါးက အရင်ကလိုကျန်းမာရေးလိုက်စားတဲ့သူလိုမျိူးမဟုတ်တော့ ဇရာက တိုက်စားတယ်ထင်ပါရဲ့...။

"ပါး မင်းကိုပြောစရာတစ်ခုရှိတယ်"

"ဟုတ်"

"သားရဲ့အမွေစာချုပ်မှာ companyတွေအကုန်လွဲခဲ့တယ် အိမ်ကြီးကိုတော့ သားမားမားကလွဲထားတယ် companyအလုပ်ကိုအားတဲ့ချိန်မှာလေ့လာပြီး ကူညီနိုင်သလောက်ကူညီပါ ပါးတောင်းဆိုတာ"

"ပါး ဘာတွေပြောနေတာလဲ အမွေကိစ္စဆိုတာရော"

"ကြိုပြောထားတာပါ သားရယ်"

ပါးပြောတဲ့စကားတွေကိုဘ၀င်မကျပေမယ့်
စိတ်မချမ်းသာတာမဖြစ်စေချင်တာကြောင့်

"ဆေးသောက်ပြီးပြီလား ပါး"

"သောက်ပြီးပြီ သား"

"ပါးရဲ့လူယုံကစိတ်ချလို့ရလား"

"ကျွင်းက ယုံကြည်လို့ရပါတယ် သားလည်းနည်းနည်းသွားကြည့်ပေးအုံး အလုပ်သမားတွေဆိုတာ အလုပ်ရှင်မရှိရင် ဖြစ်ချင်တိုင်းဖြစ်နေကြမှာစိုးတာ"

"ဟုတ်ကဲ့ပါး သားအားတဲ့ရက်တွေသွားကြည့်ပါ့မယ်"

"အင်း ကောင်းပြီ သား..စောစောနားအုံး"

"ဟုတ်ကဲ့ပါး"

ပါးကို အိပ်ယာပေါ်သေချာပြန်လှဲစေကာ သူကအခန်းပြင်ထွက်လာလိုက်သည်။ တနေကုန် အကပဲကထားရတော့ လူကချွေးတွေနဲ့ ညီးစီစီကြီးဖြစ်နေပြီ။

ရေချိုး‌‌ခေါင်းလျှော်ပြီး ပြန်ထွက်လာတော့ မွေ့ယာပေါ်တင်ထားတဲ့ ပန်းချီကားကို အကြည့်ရောက်မိသွားတော့ အလုပ်တွေများနေတာနဲ့ ဖွင့်ဖောက်မကြည့်ရသေးတာ...စက္ကူတွေနဲ့ပတ်ထားတဲ့ ပန်းချီကို တလွှာချင်းခွာကြည့်တော့ ပုံထဲကထက် ပိုပြီးလှနေတာ...သိပ်ကိုလက်ရာမြောက်လွန်းတဲ့ပန်းချီကား....။

𝐖 𝐇 𝐎 𝐋 𝐄 .. [Cᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now