ပုံနဲ့တကွ စာကပါ သိပ်ကိုဆွဲဆောင်လွန်းသည်။
မေးခွန်းမေးထားတဲ့အောက်တွင် မှတ်ချက်ခပ်ရှည်ရှည်တစ်ခုကိုရေးပြီးမှ ဖုန်းပိတ်လိုက်သည်။ ဒီနေ့အတွက် ဖုန်းကိုင်ရတဲ့ကိစ္စတွေသိပ်ကိုများသွားပြီ။ ၀ယ်ချင်တိုင်း၀ယ်လို့မရတဲ့ပန်းချီက မေးခွန်းတစ်ခုနဲ့ပဲ ၀ယ်လို့ရတယ်ဆိုတာ သိပ်စိတ်၀င်စားဖို့ကောင်းပြန်သည်။ စာအရှည်ကြီးရေးရတာကို မကြိုက်တဲ့ရိပေါ်က လက်အညောင်းခံတဲ့အလုပ်ကိုလုပ်ရင်း ပန်းချီကားအတွက် ကြိုးပမ်းမိတယ်။
တောင်!!
ဖုန်းထဲ စာ၀င်သံကျယ်ကျယ်လောင်လောင်က အိပ်မောကျနေတဲ့ရိပေါ့်ကို လန့်နိုးသွားစေသည်။ တကယ်ပဲ အိပ်ကောင်းချင်ကိုမအိပ်ရဘူးလို့ငြီးငြူရင်း အိပ်ယာထက်မှမထသေးပဲ ဘေးနားရှိဖုန်းကိုကောက်ယူကာ ရှေ့ကျနေတဲ့ ဆံပင်တချို့သပ်တပ်ပြီး ဖုန်းကိုဖွင့်လိုက်တော့...
You win!!
မနေ့က weiboမှာဖြေခဲ့သည့် ထင်မြင်ချက်တချို့က မှန်နေသည်ဟု အကောင့်ပိုင်ရှင်မှပို့လာတာကြောင့် ပျော်လွန်းလို့ထတောင်ခုန်ပစ်လိုက်ချင်သည်။ တွေ့တည်းကစိတ်ထဲမှာနှစ်သက်နေသော ပန်းချီကားလေးကို လက်၀ယ်ပိုင်ဆိုင်ခွင့်ရသွားခဲ့ပြီ။
သုံးနှစ်လောက် မျက်နှာချင်းဆိုင်မတွေ့ဖြစ်ကြတဲ့ တစ်စုံတယောက်အတွက် လက်ဆောင်ပဏ္ဌာအဖြစ် ဆက်သချင်မိသည်။
ကျစ်!!စိတ်ကိုစိုးမိုးနိုင်လိုက်တာကွာ...
စုတ်သပ်သံတချက်နဲ့အတူ လုံးထွေးနေသော စောင်ပုံထဲမှထကာ ရေချိုးခန်းထဲသို့၀င်လိုက်တော့သည်။ ဆက်အိပ်ချင်စိတ်လည်းမရှိတော့...ဒီရက်ပိုင်းအတန်းတွေမရှိပေမယ့် ပြိုင်ပွဲအတွက် လူရွေးရန် battleတွေပြိုင်ဖို့အတွက် ခေါင်းဆောင်ဖြစ်တဲ့ရိပေါ်ကမသွားလို့မဖြစ်။
"အား၀မ် မနက်စာစားအုံးလေ"
"တော်ပြီ မား"
"ဒီကောင်လေးကတော့...."
မနက်စာကိုအပြင်မှာပဲစားချင်တာကြောင့် တရက်တလေ မားကို ကလန်ကဆန်လုပ်ပြီးကားေမာင်းထွက်လာခဲ့လိုက်တော့သည်။
YOU ARE READING
𝐖 𝐇 𝐎 𝐋 𝐄 .. [Cᴏᴍᴘʟᴇᴛᴇᴅ]
FanficThey first met in the small town of Helen Some of the lyrics in it burn your heart ⚠︎All the pictures in the story copy in pinterest [BJYX Fanfiction] This fic is Yizhan..