Unicode
အပိုင်း(၆)
တနေ့ ရိုက်ကွင်းနားချိန်တွင် သူတို့နှစ် ဦး သည်တစ်ရေးတစ်မောအိပ်စက်ရန်အချိန်ရလေသည်။ လေအေးပေးစက်ဖွင့်ထားသော အနားယူကားပေါ်တွင် အနည်းငယ် ကျယ်ဝန်းသော ကုတင်တစ်ခုနှင့် ကုတင်အသေးတစ်ခုရှိသည်။
ကုန်းကျွင့် သည်ကုတင်အသေးလေး ပေါ်တွင်အိပ်ပြီး အနည်းငယ်ကျယ်သောကုတင်တွင် ကျန်းကျယ်ဟန့်ကို အိပ်စေသည်။ မကြာမီ ကျန်းကျယ်ဟန့်ကမျက်လုံးကိုစောင်ဖြင့်ပိတ်လိုက်ပြီးအိပ်ပျော်သွားခဲ့သည်။ကုန်းကျွင်းမှာသူ့အရပ်ကြီးနှင့်မဆန့်မပြဲ ကုတင်ငယ်ပေါ်တွင် အိမ်မပျော်နိုင် တော့ သူက ကျန်းကျယ်ဟန် ကုတင်ဘေးတွင် ထိုင်ကာ အဆိုပါ လူသားလေး၏ အိပ်ပျော်နေသော အလှမျက်နှာလေးကို တစိမ့်စိမ့် ကြည့်ရင်း အရသာခံနေမိသည်။နေ့လယ်စာစားချိန်တွင် ကျန်းကျယ်ဟန့် သည် ခဏအိပ်ပျော်ရာမှနိုးလာသည်။ သူမျက်လုံးဖွင့်လိုက်သည်နှင့်သူနှင့်ဆယ်စင်တီမီတာထက်မဝေးသော အနေအထားတွင် ကုန်းကျွင်း မျက်နှာကိုတွေ့လိုက်ရ သောအခါ သူက အလန့်တကြား ထထိုင်လိုက်သော ကြောင့် သူ၏နဖူးသည် RV ခေါင်မိုးနှင့်ဆောင့်မိသွားသည်။ RV အမိုးမှာအမာသား ဖြစ်၍သူ၏နဖူးတွင် အနီရောင်အမှတ်အသားတစ်ခုဖြစ်ကျန်ခဲ့သည်။
"အား....နာလိုက်တာ"
"အယ် ... အားရွှီရယ် "
ကုန်းကျွင့်က သူ့ကိုကြင်နာစွာကြည့်ရင်း ရေရွတ်လိုက်သည်။ ကျန်းကျယ်ဟန့် ထလိုက်သည်မှာရုတ်တရက် မြန်ဆန်လွန်း၍သူအကာအကွယ်ပေး ရန်အချိန်မမှီ သောကြောင့်သူ့အပြစ်ဟု ယူဆပြီး ခေါင်းကိုသာငုံ့ထားလိုက်မိသည်။
"မင်းဘာလုပ်နေတာလဲ"
ကျန်းကျယ်ဟန့် ကနာကျင်သွား သော သူ့နဖူးကိုပွတ်ပြီး ကုန်းကျွင့် ကို ဆောင့်အောင့်အောင့် မေးလိုက်သည်။
"ကျွန်တော်က အားရွှီ ကိုနှိုးဖို့အဆင်သင့်စောင့်နေတာလေ အားရွှီ ကကျွန်တော့ကို ဘာလို့ အဲ့လောက်ကြောက်သွားရတာလဲ ကျွန်တော့မျက်နှာက အရမ်းကြောက်စရာကောင်း နေတာ လား "ကုန်းကျွင့် ကသူ့ကိုအပြစ်ကင်းစင် သော ပါပီ မျက်လုံး များဖြင့် ကြည့်ရင်းပြောလိုက်သည်။

ВЫ ЧИТАЕТЕ
Uncontrollable Love (Completed)
Фанфикကျန်းကျယ်ဟန့် - ရှောင်ယွီ!!! မင်းထင်သလို ငါ ဇာတ်လမ်းထဲမျောပါသွားတာမဟုတ်ဘူး ငါ သူ့ကို တကယ် ချစ်မိသွားတာ ကုန်းကျွင့် - ကော က ကျွန်တော့်ကို ပြုစားနိုင်လွန်းတယ် ကျွန်တော် ကော အတွက် ဘာမဆိုစွန့်လွှတ်နိုင်ပေမယ့် ကျွန်တော့်ကြောင့် ကောကြိုးစားခဲ့တာတွေ ထိခို...