Unicode
အပိုင်း(၇)
Hengdian ရှိနွေရာသီညသည်အငွေ့ပျံနေသော ပေါင်းအိုးဖို တစ်ခုကဲ့သို့ အလွန်ပူပြင်းပြီး လူကိုအနေရခက်စေသည်။
ကျန်းကျယ်ဟန့် သည် ကုန်းကျွင့် အားရာသီဥတု အလွန်ပူလောင်ကြောင်း ပြောဆို၍ ပန်ကာသေးသေးလေးကိုမှုတ်နေစဉ်ရုတ်တရက်ကောင်းကင်၌ မိုးကြိုးပစ်ခြင်းနှင့်လျှပ်စီးလက်ခြင်းတို့ကသူ၏စကားသံများကိုကြားဖြတ်စေခဲ့သည်။
ရုတ်တရက် မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်လာသည်နှင့်အမျှရိုက်ကူးရေးအစီအစဉ်များအားလုံးရပ်တန့်သွားပြီး ၀န်ထမ်းများသည်ရိုက်ကူး ရေးပစ္စည်းများ အရေးပေါ်ရွှေ့ပြောင်းရင်း အလုပ်များသွားကြသည်။
ကျန်းကျယ်ဟန့် သည်မိုးရွာလာသည် ကိုမြင်သည်နှင့်ချက်ချင်းပင်ကုန်းကျွင့် ကို
"မြန်မြန်ပြေးပြီးမိုခိုကြရအောင်" ဟု ဆော်ဩလိုက်သည်။
ကျန်းကျယ်ဟန့်သည် ကုန်းကျွင့် ကိုသတိပေးလိုက်ပြီးနောက်သူကတစ်လမ်းလုံးအပြေးအလွှားသွားပြီးမိုးခိုဖို့အနီးဆုံးနေရာတွင်ရပ်ထားသော ကုန်းကျွင့်၏ RV ထဲကိုပြေးသွားသည်။ သူ နောက် ပြန်လှည့် ကြည့်တဲ့အခါကုန်းကျွင့်က သူ့နောက်လိုက်မလာပဲနေရာမှာပဲရပ်နေပြီး ဗွီဒီယိုရိုက်ကူးရန်လက်ကိုင်ဖုန်းတစ်လုံးကိုကိုင်လျှက် ရှိနေသည်။ ကျန်းကျယ်ဟန့် သည်ချက်ချင်းစိတ်ပူလာကာစိုးရိမ်ထိတ်လန့်စွာဖြင့်
"လောင်ဝမ်း အမြန်လာ မိုးအရင်လာခိုလေ " ဟုအလျှင်အမြန်အော်ဟစ်လိုက်သည်။
ကျန်းကျယ်ဟန့် ၏အသံကိုကြားလျှင် ကုန်းကျွင့်က လှည့်ကြည့်လိုက် တော့ သူ့အားစိုးရိမ်တကြီးလက်ဝှေ့ယမ်း အော်ဟစ် နေသူ ကို တွေ့သည် နှင့်သူ၏လက်ကိုင်ဖုန်းကို ချက်ချင်းသိမ်း လိုက်ပြီး RV ဆီ သို့ပြေးသွားခဲ့သည်။
"အရူးကောင်၊ ဒီလောက်မိုးသည်းထန် နေတဲ့ အောက်မှာမင်းဘာပုံတွေရိုက်နေလဲ၊ မိုးခိုဖို့တောင်မသိတော့ဘူးလား "
ကျန်းကျယ်ဟန့် က သူ့ကို စိုးရိမ်တကြီးအော်ပြောလိုက်သည်။
CZYTASZ
Uncontrollable Love (Completed)
Fanfictionကျန်းကျယ်ဟန့် - ရှောင်ယွီ!!! မင်းထင်သလို ငါ ဇာတ်လမ်းထဲမျောပါသွားတာမဟုတ်ဘူး ငါ သူ့ကို တကယ် ချစ်မိသွားတာ ကုန်းကျွင့် - ကော က ကျွန်တော့်ကို ပြုစားနိုင်လွန်းတယ် ကျွန်တော် ကော အတွက် ဘာမဆိုစွန့်လွှတ်နိုင်ပေမယ့် ကျွန်တော့်ကြောင့် ကောကြိုးစားခဲ့တာတွေ ထိခို...