Unicode
အပိုင်း(၁၄)
အမှန်တော့ SHL ရိုက်ကူးမှု စတင်ပြီးမကြာခင်ကတည်းက ကျန်းကျယ်ဟန့် သည် ပြင်းထန်သောစိတ်ခံစားမှုတစ်ခုအတွင်းပိတ်မိနေခဲ့သည်။ ဇာတ်ကားရိုက်ကူးစဉ်အတွင်း ကုန်းကျွင်း သည်သူ၏အရိပ်လိုဖြစ်လာသည်။ သူဘယ်သွားသွား ကုန်းကျွင်း ကသူ့နောက်လိုက်လာသည်။ သူ့ကိုအရိပ်တကြည့်ကြည့် ဖြင့်ဂရုစိုက်တတ်သည်။ ဇာတ်ကားထဲတွင်မပါဝင်သောရင်းနှီးမှုလွန်ကဲသော ဇာတ်ဝင်ခန်းများကို ကုန်းကျွင်းက နောက်ပြောင်သလိုလိုနှင့်တကယ်လိုက်လုပ်နေသည်ကိုသူသိသည်။ သူ့ကိုကြည့် သော ဝမ်းခဲ့ရှင်၏ မျက်လုံးအကြည့် များသည် တနေ့ထက်တနေ့ ပိုပိုပြီးနူးညံ့လာသည်။ ကုန်းကျွင့်သည်သူနှင့်အတူရှိနေရသောအချိန်တိုင်းကိုအလွန်တန်ဖိုးထားသည်ကိုသူသိသည်။ သူ့ကိုယ်တိုင်သည်လဲ ကုန်းကျွင့်၏ အနားမှာနေပြီး ဂရုစိုက်မှု နားလည်ပေးမှု အပေါ် များစွာ သာယာခဲ့မိသည်။
တခါတရံတွင် သူတို့၏ရုတ်တရက် ထိန်းချုပ်မရသော စိတ်ခံစားမှုဖော်ပြချက်များကြောင့် ဒါရိုက်တာကြီး ပင် ထိတ်လန့်တုန်လှုပ် သွားပြီးသူတို့၏ခံစားချက်များကို ထိန်းချုပ်ရန်တစ်ကြိမ်ထက်မကသတိပေးခဲ့ဖူး သည်။ သူတို့၏ ဇာတ်ကားမှာတင်းကြပ်သောဆင်ဆာကိုကျော်ဖြတ် နိုင်ဖို့ ရာ ညီအစ်ကိုကြားက သံယောဇဉ်ကိုသာပြသရမှာဖြစ်သည် ။ ညီအစ်ကို သံယောဇဉ် ကို ကျော်လွန်သော အချစ်ဇာတ်လမ်းတစ်ခု ဖြစ်သွားမှာကိုဒါရိုက်တာနှင့် ထုတ်လုပ်သူ အဖွဲ့မှ မစိုးရိမ်ပဲမနေနိုင်ပါ။
ဇာတ်ကားရိုက်ကူးမှု အဆုံးသတ် ကာလ နီးကပ် လာပြီဖြစ် ၍ သူနှင့် ကုန်းကျွင့် တို့အကြားထိုချိုမြိန်ခဲ့ သော အချိန်များသည်တဖြည်းဖြည်း လျော့နည်းလာသည်။ ဇာတ်ကားထဲ ၌ ကျိုးကျစ်ရှူး သည်သူ၏ Soulmate ဝမ်းခဲ့ရှင် နှင့်အတူ မြစ်ချောင်း တောတောင် များ နှင့် ရေကန်ရှုခင်း များကိုလှည့်လည်ရန်အချိန်သုံးနှစ်ကျန်သေးသည်။ သူတို့နှစ်ယောက်အတွက် သုံးနှစ်ပင် အချိန်မရလိုက်ပါလား ဟု သူက တွေးမိသည်။
"အင်း ရိုက်ကူးရေးပြီးသွားရင် အိမ်မက်က နိုးထဖို့ အချိန်တန်ပါပြီလေ " ကျန်းကျယ်ဟန့်က ကိုယ်ကိုကိုယ် သတိပေးလိုက်သည်။
DU LIEST GERADE
Uncontrollable Love (Completed)
Fanfictionကျန်းကျယ်ဟန့် - ရှောင်ယွီ!!! မင်းထင်သလို ငါ ဇာတ်လမ်းထဲမျောပါသွားတာမဟုတ်ဘူး ငါ သူ့ကို တကယ် ချစ်မိသွားတာ ကုန်းကျွင့် - ကော က ကျွန်တော့်ကို ပြုစားနိုင်လွန်းတယ် ကျွန်တော် ကော အတွက် ဘာမဆိုစွန့်လွှတ်နိုင်ပေမယ့် ကျွန်တော့်ကြောင့် ကောကြိုးစားခဲ့တာတွေ ထိခို...