Part (11)

165 32 11
                                    

Unicode

အပိုင်း(၁၁)

ရှောင်ယွီ၏ခုတလောအပြုအမူများနှင့်ပတ်သတ်ပြီး ကုန်းကျွင်းမှာ အလွန်ထူးဆန်းနေမိသည်။ ခါတိုင်းမိမိနှင့် အမြဲပူးကပ်နောက်ပြောင်နေလေ့ရှိသော ကျန်းကျယ်ဟန့်သည် ခုတလော ရှောင်ယွီ နှင့် သာအမြဲ ပူးကပ်နေရာ မိမိမှာ သူ့ အနားမကပ်နိုင်အောင်ဖြစ်နေရသည်

"ရှောင်ယွီ !!!  ကျန်းဆူး Live လွှင့်နေတာ ကိုမင်းကြည့်ပြီးပြီလား..... Hahahahaha!!!  အရမ်းရီရတာပဲ "

ကျန်းကျယ်ဟန့် က ရိုက်ကွင်းအတွက် မိတ်ကပ်လိမ်းပြီးဆိုဖာပေါ်မှာထိုင်နေရင်းသူ့ဖုန်းကို ရှောင်ယွီ ကို လှမ်းပေးလိုက်ပြီး‌ ရှောင်ယီကိုယ်ပေါ် မှီချကာ အားရပါးရ ရယ်မောနေသည်။ ရှောင်ယွီ က သူ့ အပေါ် မှီတွယ်လာသော ကျန်းကျယ်ဟန့်ကို ပွေ့ထိန်းလိုက်မည် အလုပ်တွင် ဖြူဖွေးသွယ်လျသောလက်တစ်စုံက ကြားဖြတ် လှမ်းထိန်းလိုက်ပြီး

"ကျန်းလောင်ရှီး  ... မိတ်ကပ်စတိုင်လ်တွေပြင်ပြီးသွားပြီလေ ၊ ငြိမ်ငြိမ်လေးမနေရင် ပြန်ပြီး ရှုပ်ပွသွားလိမ့်မယ်  ... " ဟု ခပ်တင်းတင်းပြောလိုက်သည်။

(ဖေကျွင့်ရဲ့ဂျယ်လီနင်သောပုံကြီးကိုမြင်ယောင်ကြည့်ပါရန်)

ကျန်းကျယ်ဟန့် ကအနည်းငယ် အံ့သြသွားကာသူ့ကိုလှမ်းကြည့်လိုက်တော့ကုန်းကျွင့်က မျက်နှာစူပုတ်ပုတ်ဖြင့်သူ့ကိုကြည့်နေသည်ကိုတွေ့လိုက်ရသည်။

(ဝမ်းခဲ့ရှင် မု ဝင်သွားလို့ပါ)

" အိုး ...ဟုတ်သားပဲ "

ကျန်းကျယ်ဟန့် သည်စကားနား‌ ထောင်သော ကြောင်ဖြူလေးသဖွယ် ငြိမ်ထိုင်လိုက်ပြီးထပ်၍ မနောက်ပြောင်ရဲတော့ပေ။ သူ့ဘေးမှရှောင်ယွီ သည် ကုန်းကျွင့် ၏အမူအရာကိုတိတ်တဆိတ်စောင့်ကြည့်ရင်း‌တွေးတောနေခဲ့သည်။

ကုန်းကျွင့်သည် ကျန်းကျယ်ဟန့် ၏ ကိုယ်လေးကိုဆွဲ၍ သူ့ ပုခုံးပေါ်မှီစေလိုက်ရင်း

"အားရွှီ  ... ကျွန်တော်တို့ ဒီနေ့ရိုက်ကွင်းအတွက် အစမ်း လေ့ကျင့်ကြရအောင် "

ထိုခဏတွင် ကုန်းကျွင့် သည်သူ့ ဦးနှောက်ထူပူနေသည်ကိုသာခံစားရပြီးသူကိုယ်သူ ဘာပြောနေသည်ကိုသူမသိခဲ့ပါ။

Uncontrollable Love (Completed)Onde histórias criam vida. Descubra agora