Unicode
အပိုင်း(၄၃)
တဟုန်ထိုး အောင်မြင်မှုနှင့်အတူပြည့်လျှံလာနေသော Schedule များအရ အလွန်ပူပြင်းတဲ့ နွေရာသီမှာ The Hero Variety Show မှာပါဝင်ရိုက်ကူးဖို့ ကျန်းကျယ်ဟန့် က Handian ကိုတစ်ခေါက်ရောက်လာခဲ့ပြန်သည်။
SHL Promotion စကတည်းကအနားယူချိန်မရခဲ့ပဲ နေရာစုံပြေးလွှားနေရတဲ့အပြင် သူ့ရဲ့ အိမ်မက်ဖြစ်တဲ့ တကိုယ်တော် Concert အတွက်ပြင်ဆင်နေရတာမို့ တဖြည်းဖြည်း ပိုပြီး ပိန်သွယ်ပါးလျား လာတဲ့ ကျန်းကျယ်ဟန့် ဟာ လေမဝင်နိုင်အောင်ထူထဲလှတဲ့ HanFu ကို ၀တ်ဆင်ထားသည်။
ပူပြင်းလှတဲ့နေရောင်အောက်မှာသူ့တကိုယ်လုံးချွေးတွေစီးကျလာပြီး မူးဝေလာသလို ခံစားလိုက်ရသည်။ ဝိုင်းရံနေသောလူအုပ်ကြီး နှင့်ပရိသတ်များ၏ အော်ဟစ်အားပေးသံများကြားမှရှောင်ယွီ၏ အကူအညီဖြင့် ကားပေါ်တက်လိုက်ပြီး ကားတံခါးကို ပိတ်လိုက်မှအနည်းငယ်သက်သာရာရသွားသည်။
ကျန်းကျယ်ဟန့် က ကားထဲက လေအေးပေးစက်ကို အမြင့်ဆုံးဖြစ်အောင်ဖွင့်လိုက်ပြီး တင်းတင်းကြပ်ကြပ်ပတ်ထားတဲ့ ဝတ်စုံ၏ လည်ပင်းကိုဆွဲဟလိုက်ပြီးအနည်းငယ်အေးသွားမှဖုန်းကို ထုတ်လိုက်သည်။
ZZHFZ 🐱 : [ဒီကြောက်စရာကောင်းတဲ့ အပူဒဏ်ကြောင့် ငါသေတော့မယ်...]
Gong Jun Simon🐶: [ဟန် ဒီနေ့ Hero Variety Show ရိုက်နေတာလား? 】
ZZHFZ🐱 : [ဟုတ်တယ်... ဒီလိုရာသီဥတုမျိုးမှာ.. HanFu ဝတ်ပြီးရိုက်ရတာ အရမ်းပူတယ်.]
Gong Jun Simon🐶: [😱😱...ဟန် အခုတလော သိပ်နေမကောင်းဘူး မဟုတ်လား အရမ်း အပင်ပန်းမခံနဲ့ဦးနော် ကျွန်တော် ဟန့် ကိုစိတ်ပူမိတယ်…]
ZZHFZ🐱: [ဘာစိတ်ပူစရာရှိလဲ ...ငါဘာမှမဖြစ်ဘူး ချွေးထွက်များတာပဲရှိတာ]
Gong Jun Simon🐶: [...ဒီနေ့ကအပြင်မှာရိုက်ရတာလား? 】
ZZHFZ🐱: [အင်း...]
Gong Jun Simon🐶: [ရေများများသောက်ဖို့ မမေ့နဲ့နော် အေးပြီးအရိပ်ရတဲ့နေရာမှာရပ်ပါနော်...]
ကုန်းကျွင့်ကသူ့လက်ကိုင်ဖုန်းကိုကြည့်ရင်းအရမ်းစိုးရိမ်လာမိသည်။ SHL ရိုက်နေတဲ့ အချိန်မှာ အပူဒဏ်ခံရပြီး ကျန်းကျယ်ဟန့် မူးလဲဖူးတာကိုသတိရသွားသည်။ ထိုစဉ်တုန်းက သူကအနားမှာနေပြီး ပြုစုစောင့်ရှောက်ပေးနိုင်သေးသည်။ အခုသူနဲ့က မိုင်ထောင်ချီဝေးကွာနေတာကြောင့် စိတ်ပူပေးရုံကလွဲပြီးဘာမှမတတ်နိုင်ဖြစ်နေရသည်။ ကုန်းကျွင့်ကစိတ်မချစွာဖြင့်ရှောင်ယွီထံ Message ပို့လိုက်သည်။
ŞİMDİ OKUDUĞUN
Uncontrollable Love (Completed)
Hayran Kurguကျန်းကျယ်ဟန့် - ရှောင်ယွီ!!! မင်းထင်သလို ငါ ဇာတ်လမ်းထဲမျောပါသွားတာမဟုတ်ဘူး ငါ သူ့ကို တကယ် ချစ်မိသွားတာ ကုန်းကျွင့် - ကော က ကျွန်တော့်ကို ပြုစားနိုင်လွန်းတယ် ကျွန်တော် ကော အတွက် ဘာမဆိုစွန့်လွှတ်နိုင်ပေမယ့် ကျွန်တော့်ကြောင့် ကောကြိုးစားခဲ့တာတွေ ထိခို...