Unicode
အပိုင်း(၄၀)
ဦးထုပ် မျက်နှာဖုံးနှင့် အဖြူရောင်တီရှပ်ကို ဝတ်ဆင်ထားသည့်ကုန်းကျွင့် သည် လူအုပ်ထဲသို့ လျှောက်သွားနေသည်။ ဟင်းရွက်ဈေးမှ အဒေါ် ကြီးသည် အရပ်ရှည်ပြီး ချောမောသော လူငယ်ကို စိတ်အားထက်သန်စွာ လှမ်းခေါ် လိုက်သည်-
"လူချောလေး ဒီကိုလာဝယ်ပါ! ဒီမှာ ဟင်းရွက်တွေ က လတ်ဆတ်တယ်၊ ငါ့ဆိုင်က ဟင်းရွက်ကအခုမှရောက်တာ"
ကုန်းကျွင့် က အဒေါ်ကြီးကို ခေါင်းညိတ်ပြပြီး ဟင်းရွက်တွေကို ကောက်ယူလိုက်သည်။
“လူချောလေးက ဟင်းချက်တတ်တယ်လား”
ဟင်းရွက်ဈေးရှိ အဒေါ်ကြီးက ကျွမ်းကျင်စွာဟင်းရွက် ရွေး နေတဲ့ ကုန်းကျွင့် ကို ကြည့်ရင်း
"အခုခေတ် ယောက်ကျားလေးတွေ အရမ်းတော်တာပဲ ဟင်းချက်တတ်တယ်”
"ဟားဟား အဒေါ်ကချီးမွန်းနေပါပြီ ဒီဟာတွေဘယ်လောက်ကျလဲ !"
ကုန်းကျွင့် က သူ့လက်ထဲက ဟင်းရွက်တွေကို အဒေါ်ကြီးဆီ ပေးလိုက်သည်။
" ယွမ် ၃၀ ပါ မင်းကို ကြက်သွန်စိမ်းလက်တစ်ဆုပ်စာ ပိုထည့်ပေးမယ်!"
အဒေါ်က ကြက်သွန်နီစိမ်းတွေကို ပလပ်စတစ်အိတ်ထဲထည့်ပြီး ကုန်းကျွင့် ကို ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်!"
အသီးအရွက်တွေဝယ်ပြီးတာနဲ့ ကုန်းကျွင့် က အသားရောင်းတဲ့နေရာကို လျှောက်သွားပြီး ကျန်းကျယ်ဟန့်အတွက် ဘာချက်ရမလဲဆိုတာကို စဉ်းစားလိုက် ပြီး ရှန်ဟိုင်းရဲ့ ချဉ်ချဉ်စပ်စပ်ဟင်းလျှာလေး လုပ်ပေးဖို့စီစဉ်လိုက်သည်။ သူကချက်ချင်းဆိုသလိုပဲ လက်ကိုင်ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဟင်းချက်နည်းတွေကို ရှာဖွေပြီး လိုအပ်တဲ့ ပါဝင်ပစ္စည်းအားလုံးကို ဝယ်လိုက်သည်။
ကျန်းကျယ်ဟန့် သည် ဆိုဖာပေါ်တွင် ထိုင်ကာ စာအုပ်တစ်အုပ်ကို ဖတ်နေရင်း တံခါးခေါက်သံက ထွက်ပေါ်လာသည်။
သူက တံခါးထဖွင့်ရင်းကုန်းကျွင့် ရဲ့လက်ထဲက ပစ္စည်းတွေကို ကြည့်ပြီး

KAMU SEDANG MEMBACA
Uncontrollable Love (Completed)
Fiksi Penggemarကျန်းကျယ်ဟန့် - ရှောင်ယွီ!!! မင်းထင်သလို ငါ ဇာတ်လမ်းထဲမျောပါသွားတာမဟုတ်ဘူး ငါ သူ့ကို တကယ် ချစ်မိသွားတာ ကုန်းကျွင့် - ကော က ကျွန်တော့်ကို ပြုစားနိုင်လွန်းတယ် ကျွန်တော် ကော အတွက် ဘာမဆိုစွန့်လွှတ်နိုင်ပေမယ့် ကျွန်တော့်ကြောင့် ကောကြိုးစားခဲ့တာတွေ ထိခို...