Part (18)

162 24 7
                                    

Unicode

အပိုင်း(၁၈)

တနေ့ ကျန်းကျယ်ဟန့် သည် အားလပ်ရက်ဖြစ်၍ရှောင်ယွီကိုခေါ်ကာ ဂေါက်ကွင်းတွင်ဂေါက်ရိုက်နေစဉ် SHL Producer မားကျယ် ထံမှ Message ဝင်လာသည်။

Producer မားကျယ် : SHL က ဆင်ဆာအောင်သွားပြီ ၂၂-၂-၂၁ နေ့စပြီးထုတ်လွှင့်မယ် ကျယ်ဟန့်နဲ့ကုန်းကျွင့် နှစ်ယောက်လုံး ဇာတ်ကား Promotion အတွက်ပြင်ထားကြပါ။ မင်းတို့နှစ်ယောက်အတွက် အင်တာဗျူး တွေ စီစဉ်ထားတာရှိတယ်။

SHL Promotion အတွက်အစီအစဉ်များကိုစတူဒီယိုနှင့် Schedule ချပြီး နောက် ကျန်းကျယ်ဟန့် သည် ဆိုဖာပေါ်တွင် လှဲချလိုက်သည်။ မကြာခင် ကုန်းကျွင့် နဲ့ ပြန်တွေ့တော့မှာပဲ ဟု တွေးမိပြီးအနည်းငယ် စိတ်လှုပ်ရှား သွားမိသည်။

"ဘာဖြစ်လဲလေ ဇာတ်ကား Promotion အတွက်ပဲ ငါတို့က သာမန်လုပ်ဖော်ကိုင်ဖက် တွေပဲဟာ" ကျန်းကျယ်ဟန့်က ကိုယ့်ကိုကိုယ် အားပေးလိုက်သည်။

ကုန်းကျွင့် သည်လည်း ထို သတင်းကို လက်ခံရရှိပြီး အင်တာဗျူးမှာ ပါဝင်ဖို့ ချီတုံချတုံဖြစ်ခဲ့သည်။ ပြီးခဲ့တဲ့လအနည်းငယ်က ကျန်းကျယ်ဟန့် သတင်းကို Weibo နဲ့ Moments မှာ သာ သူမြင်ရသည်။ ထိုလူသားက သူ့ကို ဆက်သွယ်မလာခဲ့ပါ။ သူကလဲ ဆက်သွယ်ဖို့ မကြိုးစားခဲ့ပါလေ။  ကုန်းကျွင့်က WeChat ကို ဖွင့်လိုက်ပြီး အဆက်အသွယ်မရှိတာသုံးလကျော် ကြာပြီ ဖြစ်သည့် ထို အကောင့်ကို Message တစ်စောင်ပို့လိုက်သည်။

Gong Jun Simon🐶: [ ကျန်းလောင်ရှီး မတွေ့တာကြာပြီနော်  ဂုဏ်ယူပါတယ် ကျွန်တော်တို့ Drama ဆင်ဆာအောင်သွားပြီ ]

ZZHFZ 🏀: [အင်း..နောက်တစ်ပတ်တွေ့မယ် 】

ကျန်းကျယ်ဟန့် ထံ မှ Reply Message ကြောင့် ကုန်းကျွင့်က ကျေနပ်စွာပြုံးလိုက်မိသည်။ အချိန်ကြာရှည်စွာ စောင့်မျှော်ခဲ့သော ပြန်လည်ဆုံဆည်းမှုအတွက် သူစိတ်လှုပ်ရှားမိသည်ကို ဝန်ခံမိသည်။

ကျန်းကျယ်ဟန့်  သည် ရိုက်ကွင်း နေရာသို့ အရောက်တွင် ကုန်းကျွင့် သည် သူ့ကိုလှမ်းမြင်လိုက်ပြီးသူ့ဆီလျှောက်လာသည်။

"ကျန်းလောင်ရှီး မတွေ့တာကြာပြီနော် "

" ကုန်းလောင်ရှီး ရောက်နေတာကြာပြီလား ဖြေရမယ့် မေးခွန်းတွေအကုန်ဖတ်ပြီးပြီလား?"

Uncontrollable Love (Completed)Donde viven las historias. Descúbrelo ahora