Part (35)

139 20 6
                                    

Unicode

အပိုင်း(၃၅)

ရက်အနည်းငယ်ကြာပြီးနောက်ကျန်းကျယ်ဟန့် သည် ကုန်းကျွင့် ကို Surprise ပေးရန် Xiamen သို့ လေယာဉ်ပေါ်တက်ခဲ့သည်။

ကုန်းကျွင့် က ချစ်ရသူကို တနေကုန်လုံး အဆက်အသွယ်မရ၍ စိတ်ပူနေပြီးဖုန်းကိုဆက်တိုက်ခေါ်နေမိသည်။

ထိုစဉ် သူ့ဖုန်းမှ Notification တက်လာသည်ကိုတွေ့လိုက်ရသည်။

"ကျန်းလောင်ရှီး က သင့်အား အသံဖုန်းခေါ်ဆိုရန် ဖိတ်ခေါ်ပါသည်"

ကုန်းကျွင့် က ချက်ချင်း ကောက်ကိုင်လိုက်ပြီး

"ဟန် ဒီနေ့ အလုပ်များနေတာလား..."

ကျန်းကျယ်ဟန့် က တံခါးဝမှာ ရပ်နေရင်း အခန်းနံပါတ်ကို ကြည့်ကာ ရယ်မောလိုက်ပြီး

"အင်း ငါ အရမ်း ပင်ပန်းနေပြီ" ဟုပြောလိုက်သည်။

"ကျွန်တော် တနေ့လုံး ဟန့် ဆီဖုန်းဆက်မရလို့ အရမ်းလွမ်းနေတာ ဟန် က အရမ်းပင်ပန်းနေပြီဆိုရင် Video Call (၅) မိနစ်လောက်ပြောပြီးရင် အနားယူလိုက်နော်"

"Video Call ကို ခဏထား ~~ မင်း အခုတံခါးဖွင့်ပြီး ကြည့်လိုက်ပါဦး"

ကုန်းကျွင့် က အံ့ဩသွားသည် တံခါးလား?  ဘယ်တံခါးလဲ...?

"ဟန် ဘာ ပြောလိုက်တာလဲဟင်?"

"အရူးလေး တံခါးသွားဖွင့်ပြီး ကြည့်လိုက် မင်း ငါ့ကို အရမ်းလွမ်းနေတယ်ဆိုလို့ ငါလက်ဆောင်ပို့ပေးလိုက်တယ်"

ကျန်းကျယ်ဟန့် က ရွှင်မြူးစွာရယ်မောပြီးပြောလိုက်သည်။

"အိုး..."

ကုန်းကျွင့်လမ်းလျှောက်ရင်း စဉ်းစားနေမိတာက

" LLD Super Talk ကပရိသတ်တွေလုပ်ထားတဲ့ JunZhe ခေါင်းအုံးတစ်လုံး ဝယ်ပေးတာများလား"

"ဟေး .. Hahahahahaha!"

ကုန်းကျွင့် တံခါးဝကို အရောက် လှမ်းကြည့်လိုက်တော့ ဖုန်းနဲ့ ထပ်တူကျတဲ့ ရယ်မောသံကို ကြားလိုက်ရတော့ သူ အရမ်းအံ့သြဝမ်းသာသွားပြီး သော့ကို အမြန်ဖွင့်လိုက်သည်။

တံခါးဝမှာတော့ သူနေ့ညမပျက် သတိရလွမ်းဆွတ်နေတဲ့ လူသားလေးက  သူ့ကို ရွှင်လန်းစွာပြုံးပြရင်း

Uncontrollable Love (Completed)Where stories live. Discover now