Part (39)

119 22 14
                                    

Unicode

အပိုင်း(၃၉)

ဇွန်လ ၂၄ ရက်မှာရိုက်ကူးရေးပြီးဆုံးသွားသော ကုန်းကျွင့် သည် Chinese Restaurant မှာ ပါဝင်ရန် လိုအပ်တဲ့ပစ္စည်းတွေကို မရပ်မနား ပြင်ဆင် နေသည်။  စူပါမားကတ်မှာ လှည့်လည်နေတုန်း ဓာတ်ပုံရိုက်ဖို့ လျှို့ဝှက်လိုက်နေတဲ့ ပရိသတ်တွေကို တွေ့လိုက်ရသည်။ သူက Mask တပ်ထားရင်း သက်ပြင်းချပြီး ခေါင်းညိတ်ပြလိုက်သည်။

Gong Jun Simon🐶: [Han Bao~ ကျွန်တော်နက်ဖြန် "Chinese Restaurant" ရိုက်ကူးရေးစမယ်】

Gong Jun က ကားပေါ်တက်ပြီး မက်ဆေ့ချ်ကို စတင်လိုက်သည်။

ZZHFZ 🐱: [အင်း မင်းပြန်သွားပြီလား? ]

Gong Jun Simon🐶: [အင်း ကျွန်တော် ဇူလိုင် ၁ ရက်နေ့ ရှန်ဟိုင်းမှာ ပွဲတစ်ခုရှိနေတယ်~~~]

ZZHFZ 🐱: [အိုး? ]

Gong Jun Simon🐶: [အဲ့ဒီရက်မှာ ဟန် လည်း ရှန်ဟိုင်းမှာ ရှိနေမယ်လို့ ကျွန်တော်ကြားထားတယ် 😏😏]

အရူး 🐱: [ဟင်?  မင်းဘာလို့အကုန်သိနေရတာလဲ ? 】

"သိတာပေါ့...ကျွန်တော်ကရှောင်ယွီကောကိုမေးထားတာ ဟီးဟီး"

ကုန်းကျွင့် က ခပ်တိုးတိုး ပြုံးလိုက်ပြီးကျေနပ်စွာတွေးလိုက်မိသည်။

Gong Jun Simon🐶: [ ဟန်...မှန်းဆကြည့်‌ပါ~❤️]

ကျန်းကျယ်ဟန့် က "ခန့်မှန်းဖို့ လိုသေးသလား" ဟု တွေးလိုက်ရင် ရှေ့တွင်ထိုင်နေသော ရှောင်ယွီ ကို တစ်ချက်ကြည့်လိုက်သည်။

ZZHFZ 🐱 : [ဘယ်​လိုလဲ၊ မင်းငါ့အိမ်​ကို​လာမှာလား?]

Gong Jun Simon🐶: [ဟီး ဟီး~ လာမှာ‌ပေါ့~ Han Bao ကျွန်တော့် ကို လာကြိုမှာလား?]

ZZHFZ 🐱 : [မင်း လာရင်၊ ဘာမှမယူလာနဲ့၊ ဖန်တွေသတိထားမိမယ်  】

Gong Jun Simon🐶: [ဟုတ်ကဲ့ပါ ♥️]

နောက်တစ်နေ့တွင်ကုန်းကျွင့် သည် Chinese Restaurant ရိုက်ကူးသည့်နေရာသို့ အိတ်ကြီးအိတ်ငယ်များစွာ ယူဆောင်သွားကာ ဝန်ထမ်းများက သူပြင်ဆင်ထားသည့်ကိရိယာများကို ကြည့်ပြီး ကုန်းလောင်ရှီး က ဟင်းချက်ဖို့ တကယ်ပြင်ဆင်လာတာပဲဟု တွေးလိုက်မိသည်။

Uncontrollable Love (Completed)Donde viven las historias. Descúbrelo ahora