Part (27)

165 24 19
                                    

Unicode

ဟန်ပေါက်လေးကိုလွမ်းပြီးတနေ့လုံးစိတ်မကောင်းဖြစ်နေတာနဲ့ လိုင်းပေါ်မတက်ပဲ Fic ထိုင်ရေးပြီးတော့ ကိုယ့်လိုပဲ ဟန်ပေါက်လေးကို လွမ်းနေတဲ့ကြက်ဥလေးတို့ကိုစိတ်ပြေလက်ပျောက် အချိုလေးတစ်ပိုင်း ထပ် Update ပေးလိုက်ပါတယ်နော် ဟန်ပေါက်လေး အမြန်ပြန်လာနိုင်ပါစေလို့လဲဆုတောင်းနေပါတယ်

အပိုင်း(၂၇)

စင်ပေါ်မှာ နှုတ်ဆက်နေစဉ်ကတည်းက ကျန်းကျယ်ဟန့်သည် သူ့မျက်လုံးတွေ ရောင်ရမ်းပြီး နာကျင်လာသည် အထိ သူ့မျက်ရည်များကို ထိန်းထားခဲ့သည်။

ကုန်းကျွင့်သည်တိတ်ဆိတ်ငြိမ်သက်နေသော ကျန်းကျယ်ဟန့် ကို ပွေ့ဖက်ကာ စင်မြင့်ထက်မှ ဆင်းလာခဲ့သည်။ ထိုလူသား၏ ပုခုံးများတွင် တုန်ယင်မှုကိုခံစားရပြီးနောက် သူကခေါင်းကို ပြန်လှည့်လိုက်ပြီး ခြေလှမ်း ရပ်တန့်လိုက်ကာ မျက်ရည်များကို ထိန်းထားသည့် ကျန်းကျယ်ဟန့် ကို ကြည့်လိုက်ရင်း သူ့နှလုံးသားက ပါ တင်းကျပ်နာကျင်လာသည်။

ကုန်းကျွင့် က ကျန်းကျယ်ဟန့် ကို အသာအယာပွေ့ဖက်ရင်း သူတို့ နှစ်ယောက်ရဲ့ အနားယူခန်းကို ပြန်လာခဲ့သည်။  တံခါးကို သော့ခတ်လိုက်ပြီးနောက်သူက တကိုယ်လုံးတုန်တုန်ယင်ယင်နဲ့ လူသား‌လေးကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်သည်။

"ကော ..အခုဆိုရင်ကျွန်တော်တို့နှစ်ယောက်ပဲ ရှိတော့တယ် စိတ်ကိုတင်းမထားနဲ့တော့ ကော.. ငိုချင်ရင် ငိုချလိုက်"

ကုန်းကျွင့်သည် ကျန်းကျယ်ဟန့် ၏ နောက်ကျော လေး ကို ညင်သာစွာ ပုတ် ပေး လိုက်ပြီး ထိုလူသားလေးကို သူ့ရင်ခွင်ထဲဆွဲသွင်းကာချော့လိုက်သည်။

ကုန်းကျွင့် ၏ ပွေ့ဖက်မှုကို ခံစားလိုက်ရ သော ကျန်းကျယ်ဟန့်သည် သူ့ခံစားချက်တွေကို ထိန်းမထားနိုင်တော့ဘဲ သူ့မျက်လုံးထဲမှာ အချိန်အတော်ကြာအောင် ထိန်းချုပ်ထားခဲ့တဲ့ မျက်ရည်တွေ တသွင်သွင် စီးကျလာပြီးကုန်းကျွင့် ရင်ခွင်ထဲမှာ ခေါင်းမြုပ်ရင်း အသံတိုးတိုးနဲ့ ငိုကြွေးလိုက်သည်။

ထိုအချိန်တွင်ကုန်းကျွင့် ၏မျက်လုံးများသည်လဲနီရဲစိုစွတ်လာနေပါသည်။ သူသည် သူ့ပုခုံး တွင် ပူနွေးစိုစွတ်လာသည် ခံစားလိုက်ရပြီး သူ့ ရင်ခွင်ထဲမှ ထိုလူသားလေး၏ခန္ဓာကိုယ်လေးသည် တုန်ယင်နေပါသည်။သူကမျက်လုံးများကိုမှိတ်ကာထိုလူသား၏အနွေးဓါတ်ကိုခံစားရင်း သူ့ကို ပိုမိုတင်းကြပ်စွာဖက်ထားလိုက်သည်။

Uncontrollable Love (Completed)Donde viven las historias. Descúbrelo ahora